ဘရာဇီးက Charger မပါတဲ့ iPhone တွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး Apple ကို ဒေါ်လာ ၂.၄ သန်းဒဏ်ရိုက်

ဘရာဇီးက Charger မပါတဲ့ iPhone တွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်ကာ Apple ကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်လိုက်ပါတယ်။ ဘရာဇီး အာဏာပိုင်တွေက ဘက်ထရီ Charger မပါတဲ့ ဘယ် iPhone မော်ဒယ်ကိုမဆို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။တရားရေးနဲ့ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက Apple ကို ဒဏ်ငွေ ဒေါ်လာ ၂.၄ သန်း ပေးဆောင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

စားသုံးသူ ကာကွယ်ရေး ဝန်ကြီးဌာနက iPhone 12 နဲ့ iPhone 13 Series စမတ်ဖုန်း အားလုံး ရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ဘရာဇီးဟာ မပြည့်စုံတဲ့ ထုတ်ကုန် ၊ စားသုံးသူအတွက် မလုံခြုံမှု စတာတွေအတွက် Apple ကို ဒီဇင်ဘာလကတည်းက စတင် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

Apple ကတော့ စမတ်ဖုန်းတွေမှာ Charger မထည့်သွင်းပေးထားတာဟာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဖို့လို့ အကြောင်းပြထားပါတယ်။

Ref : bangkokpost / digitaltimes.com.mm