ဂျိုကိုဗစ်၊ နာဒယ်နှင့် မိမိတို့သည် ဂရင်းဆလမ်းတွင် ရေပန်းစားဆဲဟု ဖက်ဒဲရာ ပြောကြား

ဂျိုကိုဗစ်၊ နာဒယ်နှင့် မိမိတို့သည် တင်းနစ်အားကစားနည်း၏ အကြီးမားဆုံးဆုများကို ရရှိရန် ရေပန်းစားသူများ ဖြစ်နေဆဲဟု ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရာက ပြောကြားသည်။

သြစတြေးလျ အိုးပင်းတင်း နစ်ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ထိပ်ဆုံးသုံးနေရာ ရယူထားသော ၎င်းကစား သမားများသည် ယမန်နှစ် က ဂရင်းဆလမ်းဖလားလေးလုံးကို ၎င်းတို့ကြားမှာပင် သိမ်းပိုက်ထားသည်။

ဖက်ဒဲရာက ၎င်း၏ ခြောက်ကြိမ်မြောက် သြစတြေးလျအိုးပင်းကစားနေခဲ့ပြီး နာဒယ်က ၎င်း ၏ ၁၁ ကြိမ်မြောက် ပြင်သစ်အိုးပင်းဆုရယူခဲ့ကာ ဂျိုကိုဗစ်က ဝင်ဘယ်ဒန်နှင့် ယူအက်စ်အိုးပင်း ဖလားများ ရယူခဲ့သည်။

ဖက်ဒဲရာသည် ဇန်နဝါရီ ၁၆ ရက်က ဗြိတိန်မှ ဒန်အီဖန်းကို အနိုင်ရရှိကာ တတိယအဆင့်သို့ တက်ရောက်ခဲ့သည်။

မြေစေးကွင်းဘုရင် နာဒယ် သည် ပြင်သစ်အိုးပင်းတွင် အမြဲရေပန်းစားသူဖြစ်ကာ ဂျိုကိုဗစ် သည် မြေစေးကွင်း မဟုတ်သော မျက်နှာပြင်မာကျောသော ကွင်းများတွင် ရေပန်းစားသူဟု ဖက်ဒဲရာက ပြောသည်။ မိမိအနေဖြင့် လည်း ဝင်ဘယ်ဒန်နှင့် အခြားနေရာများတွင် ဆုဖလားအများအပြား သိမ်းပိုက်ထားသဖြင့် ရေပန်းစားသူ စာရင်း၌ ထည့်သွင်းရမည် ဟု ဖက်ဒဲရာက ဆိုသည်။

သြစတြေးလျအိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဝေါ်ဇနီယက်ကီက    ဂျိုဟန်နာလာ ဆင်ကို ၆-၁၊ ၆-၃ ဖြင့်   နိုင်ပြီး တတိယအဆင့်သို့ တက်ရောက်ကာ ရှာရာဗိုဗာနှင့် တွေ့ဆုံနိုင်ခြေ ရှိနေသည်။

ဂျာမနီသူ အိန်ဂျယ်လစ်ကာဘာက ဘရာဇီးသူ မိုင်အာကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး တတိယအဆင့်သို့ တက်ရောက်ခဲ့သည်။

—Ref: Reuters