ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့်သတင်းများကို ဆရီနာဝီလျံ ငြင်းဆန်

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ် ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူမည့် သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံက ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ယူအက်စ်အိုးပင်း ပထမအဆင့်ပွဲစဉ် တွင် ဆရီနာဝီလျံက မွန်တီနီဂရိုးတင်းနစ်မယ် ဒန်ကာကိုဗီနစ်ကို မိနစ် ၁၀၀ ကြာ ကစားပြီး ၆-၃၊ ၆-၃ ဖြင့်အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် ဒုတိယအဆင့်ပွဲစဉ်အဖြစ် အက်စ်တိုးနီးယား တင်းနစ်မယ် ကွန်တာဗိုက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်အပြီး မီဒီယာတွေ့ဆုံမှုတွင် ယူအက်စ်အိုးပင်းပြိုင်ပွဲသည် နောက်ဆုံးယှဉ်ပြိုင်မှု ဖြစ်လာမည်လား ဟု မေးမြန်းမှုကို ဆရီနာဝီလျံက ” Vague (အမေရိကန်မဂ္ဂဇင်း မျက်နှာဖုံးပါရှိမှုကို ဆိုလို)မှာ ကျွန်မ လှပခဲ့ပါတယ်။ အဲဒါဟုတ်ပါသလား။ ကျွန်မ  မှာ ဆက်နေသွားမှာပါ။ ဒါကို ခင်ဗျား ဘယ်တော့မှ မသိနိုင်ပါဘူး” ဟု ရယ်သွမ်းသွေးလျက် ပြိုင်ပွဲမှာ ဆက်ကစားဖွယ်ရှိမှုကို အရိပ်အမြွက်ပြောကြားခဲ့သည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီး ဆရီနာဝီလျံ အနားယူမည့်သတင်းကြောင့် ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့ပြီး ပြိုင်ပွဲပထမနေ့တွင် လာရောက်ကြည့်ရှုသူပေါင်းမှာ သမိုင်းတစ်လျှောက် ဒုတိယအများဆုံးအဖြစ် ၇၁၃၃၂ ဦးရှိခဲ့သည်။ Day Session တွင် ၄၁၉၃၀ ဦးနှင့် Night Session တွင် စံချိန်တင် ၂၉၄၀၂ ဦးဖြစ်ကြောင်း သိရသည်။