ဗြိတိန်ဘုရင်မကြီး၏နာရေးကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များ ရွှေ့ဆိုင်း

ဗြိတိန်ဘုရင်မကြီးကွယ်လွန်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်ဘောလုံး ပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားရဖို့ ရှိနေပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပြီး သောကြာနေ့မှာ ကစားမယ့် ချန်ပီယံရှစ်ပွဲစဉ်နဲ့ အောက်တန်းလိဂ်ပွဲတွေကို ပွဲရွှေ့ဆိုင်းခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ယူတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ယူရိုကွန်းဖရန့်လိဂ်ပွဲစဉ်တွေကတော့ ဆက်ကစားခဲ့ပေမယ့်  ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ် သက်ပေးခဲ့ကြပါတယ်။

စနေနေ့မှာစတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းသွားမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအတွင်းက တခြားသော အားကစားပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်၊ မန်ယူနဲ့ ပရီးမီးယားလိဂ်ကလပ်တွေ၊ ဘောလုံးသမားတွေဟာလည်း ဘုရင်မကြီးကွယ်လွန်ခဲ့တဲ့အပေါ်  အားလုံးနဲ့ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း လူမူကွန်ယက်စာမျက်နှာတွေကနေ ထုတ်ပြန်ခဲ့ကြပါတယ်။