မန်ဒီကို ခေါ်ယူနိုင်ပြီလို့ ရီးရဲလ် အတည်ပြု

ရီးရဲလ်အသင်းဟာ လိုင်ယွန်ဘယ်နောက်ခံလူ မန်ဒီကို ခေါ်ယူနိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ မန်ဒီဟာ အခုနွေရာသီမှာ ရီးရဲလ်ကိုရောက်ရှိလာခဲ့တဲ့ (၅)ယောက်မြောက် ကစား သမားလည်းဖြစ်ခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်မန်ဒီဟာ ရီးရဲလ်နဲ့(၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇွန်လ(၁၉)ရက်၊ ဘာနေဗျူးမှာ ရီးရဲလ်ကစားသမားအဖြစ် မိတ်ဆက်ပွဲကျင်းပသွားမှာပါ။ ရီးရဲလ်ဟာ မန်ဒီကို ပေါင်(၄၉)သန်းနဲ့ ခေါ်ယူခဲ့ပြီး အခုနွေရာသီမှာ ကစားသမား(၅)ဦးခေါ်ယူမှုအတွက် ပေါင်(၃၄၄)သန်း အသုံးပြုထားပြီးဖြစ်ပါတယ်။

ယခုနွေရာသီ ရီးရဲလ်ခေါ်ယူခဲ့သောကစားသမားများ

Rodrygo (Santos, £40m)

Eder Militao (Porto, £43m)

Luka Jovic (Frankfurt, £62m)

Eden Hazard (Chelsea, £150m)

Ferland Mendy (Lyon, £49m)

TOTAL: £344m

-Ref:Skysports