ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို

 

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့ နံနက် ၈ နာရီခွဲက နေပြည်တော်၊ ပျဉ်းမနား၊ ပန်းခင်းလမ်းရှိ မဟာဗုဒ္ဓဝင်သာသနာ ပြု မင်းဝင်တောင်စိန္တမုနိကျောင်းတိုက် အောင်သာတန်ခိုးစင်္ကြာရှင်စေတီ တော် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှူဆောင် များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးအောင်တင်မြင့် တက်ရောက် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မွန် သြဂုတ်(၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းသည် ၂၀၁၇ခုနှစ် သြဂုတ်လ (၈) ရက်နေ့ နံနက် (၀၈း၃၀) ချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နောက်တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကိုကိုက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းဝတ်ရွတ်ပူဇော်

 

သရက်ခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများသည် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ သြဂုတ် ၇ ရက် ည ၆ နာရီခွဲက ပါတီရုံးခန်းမ၌ စုပေါင်းဝတ်ရွတ်ပူဇော်ကြောင်း သိရသည်။

အောင်ကြီး(သရက်)


ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည် ပြိုင်ပွဲကျင်းပ

 

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကိုနိုင်ငံတော် သီချင်းသံပြိုင်သီဆိုပြီးဖွင့်လှစ်ခဲ့ရာ မန္တလေးခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုး မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြိုင်ပွဲကျင်းပ ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေးအဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည် ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ ခဲ့သည်။

လိုရာဖြည့်​ ပရဟိတအဖွဲ့ အား အဝတ်​အထည်​နှင့်​ အလှူ​ငွေများ လှူဒါန်း

 

ကျိုက်​ထိုမြို့နယ်​ သိမ်​ဇရပ်​နယ်​​မြေရှိ လိုရာဖြည့်​ ပရဟိတအဖွဲအား ကျိုက်​ထိုမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​​ရေးပါတီ အမျိုးသမီး ​ရေးရာအဖွဲ့မှာ ​သြဂုတ်​လ( ၉) ရက်​​နေ့ နံနက်‌ ( ၁၀းဝဝ ) နာရီတွင်​ အကျီ င်္အထည်​ (၅၀) နှင့်​ အလှူ​ငွေ (၃၀၀၀၀) ကို သွားရောက်လှုဒါန်းခဲ့ကြောင်း သိရပါသည်။

သန်လျင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ သြဂုတ်လ ( ၉ ) ရက် နံနက် ( ၉ : ၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ သည်။

တောင်ဥက္ကလာပပြည်ခိုင်ဖြိုးmaskလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အမှတ် ၉ ရပ်ကွက် ကျော်သူလမ်း ဓမ္မာရုံတွင် မွန်းလွဲ ၁ နာရီက မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊MCWA အသင်းမှ တာဝန် ရှိသူများပူးပေါင်း အဖွဲ့သည် H1N1 ရောဂါကြိုတင် ကာကွယ်ပုံများ၊ နှာခေါင်းစည်း mask များ စနစ် တကျ အသုံးပြုပုံနှင့် စနစ်တကျလက်ဆေးပုံများကို လက်တွေ့သရုပ်ပြ ဟောပြော သည်။ ထို့နောက်mask များနှင့်လက်ကမ်း စာစောင်များ၊ ဆပ်ပြာများကို လှူဒါန်းကြသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

(၉.၈.၂၀၁၇) ရက်​​နေ့ နံနက်​(၀၈း၃၀) အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ မိုးရာသီစု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲကျင်းပပြုလုပ်​ရာ မန္တလေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ ကော်​မတီဝင်​များ၊ ရပ်​/​ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပြီး အရိပ်​ရပင်​များအားစု​ပေါင်းစိုက်​ပျိုးခဲ့ကြကြောင်း သိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး

ပြည့်သူ့အကျိုးပြု ကွင်းဆင်းဆောင်ရွက်ခြင်း

 

(၈-၈-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေ ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်အင်အား(၂၀)ဦးတို့သည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင် ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ(အ.မ.တ-ပန်ဟတ်)ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်၏ အကူအညီတောင်းခံထားသည့် စာသင်ကျောင်းခန်း ရေစိမ့်ဝင်နေ၍ ရေတားအုတ်တံတိုင်းလိုအပ်နေခြင်းကို စတင်ကြည့်ရှု့ပြီး ကူညီပေးနိုင် ရေး ကိစွများကို ညှိနှိုင်းခဲ့ပါသည်။