ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည် ပြိုင်ပွဲကျင်းပ

 

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကိုနိုင်ငံတော် သီချင်းသံပြိုင်သီဆိုပြီးဖွင့်လှစ်ခဲ့ရာ မန္တလေးခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုး မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြိုင်ပွဲကျင်းပ ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေးအဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည် ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ ခဲ့သည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးကျော်စန်း၊မန္တလေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အကဲဖြတ် ဒိုင်လူကြီးများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ရပ်/ကျေးပါတီ ဝင်များ တက်ရောက်ခဲ့ကြသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲကြီး၏ ပြိုင်ပွဲများဖြစ်ကြသည့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စကားရည်လု ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများအား ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးမှ ပါတီဝင်များဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သုတ