မောင်တောခရိုင်မှ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ရခိုင်လူထုတွေ့ဆုံ ပွဲမှ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများ အပေါ် စစ်တွေမြို့ပေါ်ရှိ ရခိုင်ပြည်သူလူထု ၄၀၀ ခန့်က စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီ က တွေ့ဆုံခဲ့ပြီး မောင်တောခရိုင်အတွင်း ရခိုင်ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းရေးတောင်းဆိုမှုအပါအ၀င် ဆုံးဖြတ်ချက် ၃ ရပ်ကို ချမှတ်ခဲ့သည်။

ရှေ့တန်းပြန်စစ်သည်များအား ကြိုဆိုခြင်း

 

(၇-၈-၂၀၁၇) နေ့လည် (၁) နာရီတွင် တာချီလိတ်မြို့ ခမရ (၃၃၁) ခြေမြန် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်တေဇထွေး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝဏ္ဏကျော်နှင့် အရာရှိ စစ်သည် များသည် ရှေ့တန်းစစ်မျက်နှာ အောင်မြေ (၂) ဒေသဖြစ်သော ကျထီနာ့၊ လွယ်ခမ်းချုံ ဒေသတွင် (၁)နှစ်(၄) လနှင့် (၇) ရက်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းမှ မိခင် တပ်ရင်းသို့ ပြန်လည်ဝင်ရောက်လာရာ တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဘိုစံ၊မြို့နယ် ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ကော်မတီဝင်များ၊ ပါတီဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ အောင်သပြေ၊ နှင်းဆီပန်း များနှင့် သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၃) မြို့နယ်မှ လူငယ်ထုများ စုပေါင်း၍ ဘုရားဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

(၆.၈.၂၀၁၇) နေ့နံနက် (၈) နာရီအချိန်မှ စတင်၍ ပြည်ခိုင်ဖြိုးပါတီ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့ နယ် (၁၃) မြို့ နယ်မှ လူငယ်ထုများ စုပေါင်း၍ ဒဂုံမြို့ နယ်ရှိ မဟာဓမ္မရံသီ အိမ်တော်ရာဘုရားဝန်းအတွင်း စေတီနှင့် ဘုရားဆင်းတုတော်များအား ပန်းရေချမ်း၊ ဆီမီးကပ်လှူပူဇော် ခြင်း၊ ဘုရားဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း ကုသိုလ်ပြုခဲ့ကြပါ သည်။
ထို့နောက် ဘုရားဂေါပကအဖွဲ့တို့ ဘုရားဘက်စုံပြုပြင်မွန်းမံရန် အလှူငွေ ကျပ် (၁) သိန်းတိတိကို လူငယ်အဖွဲ့မှ လှူ ဒါန်းခဲ့ကြပြီး (၉:၄၅)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ (၁၆) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲ

 

မိုးကောင်း သြဂုတ် ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက်ရှိ (၁၆) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သြဂုတ် ၇ ရက် ညနေ ၃း၃၀ နာရီခွဲချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင် နှင့် မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးဝင်ကို၊ ဦးသန်းစိုး၊ မြို့ပေါ်စည်းရုံး တာဝန်ခံ များ၊ နတ်ကြီးကုန်း စည်းရုံးရေးတာဝန်ခံ ဦးငွေရှိန်းတို့ ဦးစီးပြီး နတ်ကြီး ကုန်း ရပ်ကွက် (၁၆) ကြိမ်မြောက် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မှာ ကျောင်းရှိသံဃာတော် များ အပါး (၃၉၆) ပါးကို ပါဝင်လှူဒါန်းခဲကြ ကြောင်း သိရပါသည။်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို

 

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့ နံနက် ၈ နာရီခွဲက နေပြည်တော်၊ ပျဉ်းမနား၊ ပန်းခင်းလမ်းရှိ မဟာဗုဒ္ဓဝင်သာသနာ ပြု မင်းဝင်တောင်စိန္တမုနိကျောင်းတိုက် အောင်သာတန်ခိုးစင်္ကြာရှင်စေတီ တော် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှူဆောင် များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးအောင်တင်မြင့် တက်ရောက် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မွန် သြဂုတ်(၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းသည် ၂၀၁၇ခုနှစ် သြဂုတ်လ (၈) ရက်နေ့ နံနက် (၀၈း၃၀) ချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နောက်တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကိုကိုက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းဝတ်ရွတ်ပူဇော်

 

သရက်ခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများသည် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ သြဂုတ် ၇ ရက် ည ၆ နာရီခွဲက ပါတီရုံးခန်းမ၌ စုပေါင်းဝတ်ရွတ်ပူဇော်ကြောင်း သိရသည်။

အောင်ကြီး(သရက်)


ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည် ပြိုင်ပွဲကျင်းပ

 

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကိုနိုင်ငံတော် သီချင်းသံပြိုင်သီဆိုပြီးဖွင့်လှစ်ခဲ့ရာ မန္တလေးခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုး မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြိုင်ပွဲကျင်းပ ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေးအဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည် ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ ခဲ့သည်။

လိုရာဖြည့်​ ပရဟိတအဖွဲ့ အား အဝတ်​အထည်​နှင့်​ အလှူ​ငွေများ လှူဒါန်း

 

ကျိုက်​ထိုမြို့နယ်​ သိမ်​ဇရပ်​နယ်​​မြေရှိ လိုရာဖြည့်​ ပရဟိတအဖွဲအား ကျိုက်​ထိုမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​​ရေးပါတီ အမျိုးသမီး ​ရေးရာအဖွဲ့မှာ ​သြဂုတ်​လ( ၉) ရက်​​နေ့ နံနက်‌ ( ၁၀းဝဝ ) နာရီတွင်​ အကျီ င်္အထည်​ (၅၀) နှင့်​ အလှူ​ငွေ (၃၀၀၀၀) ကို သွားရောက်လှုဒါန်းခဲ့ကြောင်း သိရပါသည်။