ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းသို့ သွားရောက် အားပေးစကားပြော

 

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ် (၁) သို့ သွားရောက်အားပေးစကား ပြောကြားကာ သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်က ကျေးရွာနှစ်ဆယ်ဝန်းကျင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သွားမယ်

 

ပျော်ဘွယ်၊ ဖေဖော်ဝါရီ ၂၃

ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကျေးရွာနှစ်ဆယ်ဝန်းကျင်းကို လျှပ်စစ်မီးရရှိရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က လျှပ်စစ်မီးရရှိရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

 

ဖေဖော်ဝါရီ ၁၃၊ မော်လမြိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂) နာရီက မွန်ပြည်နယ် ပြည်နယ်ပါတီရုံးခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်း အနားကို နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် (၂) ခရိုင် ( ၁၀) မြို့နယ်ပါတီ ဥက္ကဌများမှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဌတို့မှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ဖေ​ဖော်​ဝါရီ(၁၃)၊
မန္တ​လေးတို​င်း​ဒေသကြီး၊ မန္တ​လေးခရိုင်​၊ ပုသိမ်​ကြီးမြို့နယ်​နှင့်​​ အောင်​​မြေသာစံမြို့နယ်​တို့မှ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသို့ ဝင်​​ရောက်​လာ​သော ပါတီဝင်​အသစ်​များ၏ ပါတီဝင်​အဆိုပြုလွှာ​ ပေးအပ်​ပွဲ အခမ်းအနား ကို ယ​မန်နေ့ နံနက် ​၉ နာရီ ၃၀ မိနစ်​မှ ၁၁ နာရီ ၃၀ မိနစ်​အထိ ပုသိမ်​ကြီးမြို့နယ်​ ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်တွင်းရှိ ကျေးရွာများတွင် ပါတီဆိုင်းဘုတ် အသစ်တင်ခြင်း ဒေသခံပြည်သူများနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံ

 

ဖေဖော်ဝါရီ ၁၄၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကံမမြို့နယ်အတွင်းရှိ ကံစု၊ ကညင်တိုင်း၊ ဂျင်းရဲ၊ မုန်းဒါး၊ သာဇီကျေးရွာများသို့သွားရောက်ပြီး ပါတီ ဆိုင်းဘုတ်အသစ်တင်ခြင်း၊ ကျေးရွာများမှ ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်းများအား ဆောင်ရွက်ခဲ့ ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက်ပြည်သူ များနှင့် သွားရောက်တွေ့ဆုံ

 

ဖေဖော်ဝါရီ ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ကျုံသွတ်တညီကျေးရွာ အုပ်စုတွင် ကျေးလက်ဆွေးနွေးပွဲ ကျင်းပ

 

ဖျာပုံ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ

 

မန္တလေး ဖေဖော်ဝါရီ ၁၃

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာပါတီတို့မှ ပါတီ တာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က နှုတ်ခွန်းဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းဇော်မင်းက ဒေသဆိုင်ရာ အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

ကံမ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ကံမမြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဦး နှင့် မြို့နယ်ပါတီကော် မတီဝင်များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ နှင့်ဓမ္မစကူးလ်အတွက် အလှူငွေများပေး အပ်ခဲ့သည်။ ထို့နောက် မွန်းလွဲ ၃ နာရီ တွင် ကံစုကျေးရွာတွင် ဒေသခံပြည်သူများဖြင့်လည်းကောင်း၊ ညနေ ၅နာရီတွင် ကညင်တိုင်ကျေးရွာ ဒေသခံပြည်သူများဖြင့်လည်းကောင်း ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ထန်းတပင်မြို့နယ် ဆက်ကလေးကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ရန်ကုန် ဖေဖော်ဝါရီ ၁၂ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ အရန်ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ဆက်ကလေးကျေးရွာအုပ်စု ဆက်ကလေးကျေးရွာဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာရှိ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ ဆုံခဲ့ကြသည်။