နိုင်ငံရေးပါတီ (၂၇)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ( ၄ ) ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၂၄ ) ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်းဌာနများနှင့် အလွတ်သဘောတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ဇူလိုင် ၂၀၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်သော အဖွဲ့ဝင် (၉)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ လေ့လာရေးခရီးသွားရောက်ရန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် လေယာဉ်အမှတ် – 9642၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
လေ့လာရေးခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်အတူ ပြည်သူ့ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့မှ အဖွဲ့ဝင်များ လိုက်ပါသွားခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ ပါတီဗဟို အလုပ်အမှုဆောင်၊​ တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးအောင်တင်မြင့် တက်ရောက်

ကျုံပျော် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၆-၇-၂၀၂၄) နံနက် (၀၉:၃၀) နာရီအချိန်တွင်ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ တက်ရောက်လာသောပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးအောင်တင်မြင့်မှ တိုင်း၊ခရိုင်၊မြို့နယ် ကော်မတီများအားတွေ့ရှိရသည့် အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်ခိုင်ဖြိုးပါတီ၏ရပ်တည်ချက်၊ မူဝါဒ သဘောတရားများကိုရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာသောခရိုင်ဥက္ကဌ၊မြို့နယ်ဥက္ကဌများ၏ ခရိုင်တွင်းလှုပ်ရှားဆောင်ရွက်မှု၊မြို့နယ်တွင်းလှုပ်ရှားဆောင်ရွက်မှုများကိုတင်ပြကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မှလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် ကျုံပျော်ခရိုင်ပါတီဥက္ကဌ၊မြို့နယ်ပါတီဥက္ကဌတို့မှပါတီဝင်(၂၀၀)ဦးအတွက် ပထမအကြိမ်နှစ်စဉ်ကြေးပေးသွင်းရာ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း(ကျုံပျော်ခရိုင်တာဝန်ခံ)၊ဦးသန်းထွန်း (စည်းရုံးရေးရာတာဝန်ခံ)၊ဦးအောင်မြင့်သ်န်း(မီဒီယာတာဝန်ခံ)တို့မှလက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်၊တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း (ကျုံပျော်ခရိုင် တာဝန်ခံ)၊ဦးသန်းထွန်း၊ ဦးအောင်မြင့်သိန်း၊ ကျုံပျော်ခရိုင်ပါတီဥက္ကဌဦးမြင့်ကြိုင်နှင့်အတွင်းရေးမှူး၊မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းဦး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊စုစုပေါင်း (၂၇)ဦးတက်ရောက်ကြကာ နံနက်(၀၉:၄၅)နာရီတွင်ပြီးဆုံးခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ “စည်းရုံးရေးဆိုင်ရာခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၂)” သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်