နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံရေးသမားကောင်းတွေလိုအပ်သဖြင့် မိမိတို့ပါတီဝင်များနိုင်ငံရေးသမားကောင်းဖြစ်ရန် ကြိုးစားကြစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းပြောကြား

မန္တလေး ဖေဖော်ဝါရီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းနှင့်အတူမန္တလေးတိုင်းဒသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်တို့နှင့်အတူ(၅.၂.၂၀၂၄)နေ့တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌တိုင်းပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌမှ နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံရေးသမားကောင်းတွေလိုအပ်သဖြင့် မိမိတို့​ပါတီဝင်များအားနိုင်ငံရေးသမားကောင်းဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ပါတီဝင်အင်အားတိုးပွားရေးအတွက် အစိမ်းရောင်စီမံချက်ပါ အလွှာလိုက်စည်းရုံးရန်လိုကြောင်း၊ပြည်သူနှင့်ဆက်ဆံရေးသည်အရေးကြီးသဖြင့်အသွင်သစ်နှင့်ဆက်ဆံရေးကိုပြောင်းလဲရန်လိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးမှ မန္တလေးတိုင်းဒေသကြီးရှိခရိုင်(၁၁)ခရိုင်၊မြို့နယ် (၂၈)မြို့နယ်အတွင်း ပါတီလုပ်ငန်းများ
လုပ်ဆောင်ထားမှုအခြေအနေများနှင့်ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများကိုပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်တိုင်းပါတီအတွင်းရေးမှူးဦးညွှန့်ဆောင်မှနယ်မြေကွင်းဆင်း၍မြို့နယ်ပါတီရုံးများ၏ရုံးလုပ်ငန်းလုပ်ဆောင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊တိုင်းပါတီကော်မတီဝင်များမှမိမိတို့တာဝန်ယူထားရသော ရေးရာကဏ္ဍနှင့်ခရိုင်နှင့်မြို့နယ်များ၏အခြေအနေများကိုလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
တိုင်းပါတီကော်မတီဝင်များ၏တင်ပြဆွေးနွေး မှုအပေါ်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမှလိုအပ်ချက်များထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီးဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်မှပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးပါတီတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးခဲ့ကြသောအချက်လက်များအပေါ်ဒုတိယဥက္ကဋ္ဌမှတစ်ချက်ချင်းစီ ပြန်လည်ရှင်းလင်း​ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးမိမိတို့နိုင်ငံသည်သတင်းမှားများလွှမ်းမိုးမှုခံနေရကြောင်း၊ သတင်းမှားနှင့်သတင်းမှန်ခွဲခြားနိုင်ဖို့လိုအပ်ကြောင်း၊နိုင်ငံရေးအခြေအနေမှန်များကိုလည်းအားလုံးသိရှိပြီးဖြစ်၍မိမိတို့ ညီညွတ်မှရမည်ဖြစ်ကြောင်း၊ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်းစည်းစနစ်ကျကျညီညီညွတ်ညွတ်နှင့် အခြေအနေအရပ်ရပ်ကို သတိမပြတ်ပဲ လုပ်ဆောင်ကြရန်မှာကြားပြီး တွေ့ဆုံပွဲကိုညနေပိုင်းတွင်ရုပ်သိမ်းခဲ့ပါသည်။


 

============

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ


“ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံ၏လိုအပ်ချက်အရ ပေါ်ပေါက်လာရသည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း” ပါတီဥက္ကဋ္ဌ ဦးခင်ရီပြောကြား

 

 

ဇန်နဝါရီ ၃၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ United Russia ပါတီမှ ကျင်းပသည့်ဆွေးနွေးပွဲသို့ Zoom Meeting ဖြင့် တက်ရောက်

ဇန်နဝါရီ ၂၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၁၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၀၉၃၀ အချိန်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး (၁၃)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

စဥ့်ကိုင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် စဥ့်ကိုင်မြိုနယ်ပါတီ၏ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှုစာရင်းများ စစ်ဆေးဆောင်ရွက်

စဥ့်ကိုင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် စဥ့်ကိုင်မြိုနယ်ပါတီ၏ ပါတီလုပ်ငန်းဆောင်ရွက်ထားမှု စာရင်းများအား စစ်ဆေးခဲ့ပါသည်။ထိုသို စစ်ဆေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်က လစ်လပ်ကော်မတီဝင် အစားထိုး တာဝန်ပေးအပ်ရေးအားလည်းကောင်း၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်က မြိုနယ်ပါတီ၏ လစဉ်ငွေကြေးသုံးစွဲမှု ငွေစာရင်းအားလည်းကောင်း၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးမျိုးမြင့်တိုက လူငယ်/အမျိုးသမီးလှုပ်ရှားမှု၊ပါတီပိုင် ပစ္စည်းစာရင်း၊ဝင်စာ/ထွက်စာများ ဖိုင်ဖွင့်ထားရှိမှု၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ လအလိုက်ဆောင်ရွက်မှု၊ပြည့်မဏ္ဍိုင်လှုပ်ရှားဆောင်ရွက်မှုနှင့် Key Performance Index Chack List နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း စစ်ဆေးခဲ့ ပြီး တွေ့ရှိချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။