မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်းလှမြို့အတွင်း အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ

 

မကွေး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းလှမြို့ပေါ်ရှိ ရပ်ကွက်များသို့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များအား ယမန်နေ့ နံနက် ၈ နာရီ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၁) ဦးမျိုး မြင့်နှင့်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ဦးလှစိုးတို့ ပါဝင်သော အဖွဲ့ဝင်များသည် အမွှေးနံ့သာများ ပက်ဖျန်းကာ မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ၀င်းကံကျေးရွာသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၄ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့အတွင်းရှိ ၀င်းကံကျေးရွာသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ ပြည်နယ်လွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်တို့၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီမှ မူဆယ်ဆယ်လန့်ဈေး၌ Face Mask များပေးဝေ လှူဒါန်း

 

မူဆယ် စက်တင်ဘာ

မူဆယ်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်လောင်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များ ဆယ်လန့်ဈေးသို့ ပြည်သူ များအတွက် Face Mask များဝေပေးခဲ့ကြောင်း သိရသည်။


ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Door to Door ကွင်းဆင်းဆောင်ရွက်

 

ကျောက်မဲ စက်တင်ဘာ

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ကော်မတီများ၊ ပါတီဝန်းရံလူငယ် များသည် ယမန်နေ့က အမှတ် (၂) ရပ်ကွက် နယ်မြေ (၁၃၊ ၁၄၊၁၅) သို့ Door to Door စည်းရုံးရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

 

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေး ပြည်လည်ကောင်းမွန်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့ သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

ပါတီဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ဂရိတ်မြို့နယ် တောင်ဘက်ခြမ်း မိဂလုံ ကျေးရွာတွင် ကိုယ်စားလှယ်လောင် ဗီနိုင်း ဆိုင်းဘုတ်များ ဆိုက်ထူ

 

စက်တင်ဘာ ၂၀၂၀

ယမန်နေ့ နံနက် (၉း၀၀) နာရီအချိန် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာတွင် ကော့ကရိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တောင်ဘက်ခြမ်းမှကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆိုင်းဘုတ် စိုက်ထူပွဲသို့ ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟို ကော်မတီဝင် ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကို (ဗမာတိုင်းရင်းသားလွှတ်တော်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးမင်း ငွေထွန်း (မွန်တိုင်းရင်းသားလွှတ်တော်)၊ ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းမှ ကိုယ်စားလှယ်များ ဒေသခံ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။နီ နီ

ဇမ္မူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အလျှင်လိုကျေးရွာနေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 

နေပြည်တော်၊စက်တင်ဘာ ၂၂

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္မူသီရိမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေး ချယ်ခံမည့် ဦးဝဏ္ဏမောင်လွှင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်၀င်း၀င်းသီတို့သည် အလျှင်လို ကျေးရွာနေပြည်သူများနှင့် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ပြီး အလျှင်လိုကျောင်းတိုက်သို့လည်း သွားရောက် လှူဒါန်းပူဇော် ခဲ့ပါသည်။


ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၂

ညောင်​လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်​လောင်းများ၏ မဲဆွယ်စည်းရုံး​ရေး ခရီးစဉ်ကို ကိုဗစ်-19 ​ဥပ​ဒေနှင့်အညီ စတင်မဲဆွယ် စည်းရုံးခဲ့ကြသည်။ ပိန်းဇလုပ်မြို့အတွင်းရှိ ​ဒလဆိပ်၊ အင်းပရိ၊ ကျောင်းကုန်း၊ ကံကလေး၊ ပိန်းဇလုပ်ရွာမ ကျေးရွာများ သွား​ရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်​ရေး အဖွဲ့ဝင်များ၊ ရပ်​ကျေးအမှုဆောင် များနှင့် တွေ့ဆုံပြီး အောင်နိုင်​ရေးအတွက်​ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ နှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan

လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မဲဆွယ်စည်းရုံး

 

စက်တင်ဘာ ၂၂၊ လယ်ဝေး

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်း မှ မြို့နယ်အတွင်းရှိ သစ်ပုတ်ပင်အုပ်စု၊ ချောင်းခွအုပ်စု ကျေးရွာများသို့ မဲဆွယ်ကာလ သတ်မှတ်သော စည်းကမ်း ချက်များနှင့်အညီ လှည့်လည်စည်းရုံးမှုကို ၂၂-၉-၂၀၂၀ ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ ဒေသခံပါတီဝင်များ၊ ဝန်းရံသူများမှ ကြိုဆိုခဲ့ကြပါသည်။

USDP နိုင်ရမည်

ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီမှ ကွန်းရွာကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ် စိုက်ထူ

 

၂၀၂၀ စက်တင်ဘာ ၂၃ ရက်

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက်တွင် ခရိုင်ပါတီဥက္ကဋ္ဌ သိန်းထွန်း နှင့်မြို့နယ်ပါတီဥက္ကဌ ဦးသန်းအေးတို့၏ စီစဉ်ညွန်ကြားမှုဖြင့်မြို့နယ် EC ဦးရဲနိုင် ၊ ဦးအောင်ကျော်မြင့်၊ဦးမင်းသူ မြို့နယ်လူငယ်ရေးရာ တာဝန်ခံ ဦးအောင်လင်းထွန်းတို့ သွားရောက်၍ အုပ်စုပါတီဥက္ကဌ ဦးလှဝင်း ရွာခွဲခေါင်းဆောင်များ တက်ရောက်ပြီး ပါတီစည်းရုံးရေးနယ်မြေ ( ၂) အတွင်းရှိ ကွန်းရွာအုပ်စုကွန်းရွာကျေးရွာတွင် ပါတီဆိုင်းဘုတ်စိုက်ထူ ခဲ့ကြောင်း သိရသည်။