
လားရှိး နိုဝင်ဘာ ၁၀




====================

နေရပ်စွန့်ခွာလာရသူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေ လှူဒါန်း

လားရှိး နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အတွင်းရေးမှူးဒေါက်တာလဆိုင်းသည် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လားရှိးမြို့ အမှတ်(၅)ရပ်ကွက်၊(Edin Buga)ခရစ်ယာန်ကျောင်းဝန်းနှင့် အမှတ်(၁)ရပ်ကွက်၊မြိုမနှစ်ချင်းခရစ်ယာန်ကျောင်းဝန်းအတွင်းသို့ နေစွန့်ခွါထွက်ပြေးလာကြသူများအား သွားရောက်အားပေး၍ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာသို ပြည်နယ်ကော်မတိဝင်ဦးကျော်ဇောဝင်းနှင့်လားရှိးခရိုင်ပါတီဥက္ကဋ္ဌဦးတန်ဂွန်းတိုပါ လိုက်ပါ၍ အားပေးစကားများပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါခရစ်ယာန်ကျောင်းဝန်းအတွင်းသို့ နေရပ်စွန့်ခွါ ထွက်ပြေးလာသူ (၈၅၃)ဦးရှိကြောင်းသိရပါသည်။