ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ၂၀၂၆ ကမၻာ့ဖလား ေျခစစ္ပြဲကစားရန္ ေလ့က်င့္ေန

နိုဝင္ဘာ ၁၅

ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ၂၀၂၆ ကမၻာ့ဖလား ေျခစစ္ပြဲကစားရန္ ဂ်ပန္တြင္ ေလ့က်င့္ေနၿပီျဖစ္ပါသည္။

ျမန္မာ့လက္ေရြးစင္အသင္းသည္ ဂ်ပန္လက္ေရြးစင္အသင္းႏွင့္ ၂၀၂၆ ကမၻာ့ဖလား ဒုတိယအဆင့္ ေျခစစ္ပြဲ ယွဥ္ၿပိဳင္ ကစားရန္ မေန႔က ဂ်ပန္နိုင္ငံ အိုဆာကာ ၿမိဳ႕ သို႔ ေရာက္ရွိလာခဲ့ၿပီး အသင္းေလ့က်င့္ေရး အစီအစဥ္ကို ညပိုင္းတြင္ စတင္ျပဳလုပ္ေနခဲ့ေၾကာင္း သိရသည္။

ျမန္မာ့လက္ေရြးစင္အသင္းႏွင့္ ဂ်ပန္လက္ေရြးစင္အသင္းတို႔၏ ကမၻာ့ဖလားေျခစစ္ပြဲကို နိုဝင္ဘာ (၁၆) ရက္ ျမန္မာစံေတာ္ခ်ိန္ ညေန (၄) နာရီခြဲတြင္ ဂ်ပန္နိုင္ငံ အိုဆာကာၿမိဳ႕ PANASONIC STADIUM SUITA (OSAKA) တြင္ က်င္းပမည္ျဖစ္သည္။

=================

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် လေ့ကျင့်နေ

နိုဝင်ဘာ ၁၅

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် ဂျပန်တွင် လေ့ကျင့်နေပြီဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်လက်ရွေးစင်အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် မနေ့က ဂျပန်နိုင်ငံ အိုဆာကာ မြို့ သို့ ရောက်ရှိလာခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ညပိုင်းတွင် စတင်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာ (၁၆) ရက် မြန်မာစံတော်ချိန် ညနေ (၄) နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ PANASONIC STADIUM SUITA (OSAKA) တွင် ကျင်းပမည်ဖြစ်သည်။