ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေး ကို ခေါ်ယူဖို့ မန်စီးတီးပစ်မှတ်ထား

မန်စီးတီးအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေးကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက ပြင်သစ်ဆယ်ကျော်သက်တိုက်စစ်မှူးဟာ အသင်းကို ချန်ပီယံလိဂ်အောင်မြင်မှု ရယူစေမယ်လို့ ယုံကြည်နေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နဲ့ ကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။

ဒီပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုနေမာ ပြောင်းရွှေ့ရာမှာ စံချိန်တင်ထားတဲ့ ပေါင်(၁၉၈) သန်းကို ကျော်ဖြတ်နိုင်မှာပါ။ မန်စီးတီးအနေနဲ့ ဘာပေးကို တစ်နှစ်လစာ ပေါင်သန်း(၂၀) ပေးချေရဖို့ ရှိပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ မိုနာကိုအသင်းမှာ ဘာပေးကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။ ဘာပေးဟာ ၂၀၁၇ခုနှစ်က ချန်ပီယံလိဂ်(၁၆)သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရတဲ့ မန်စီးတီးအသင်းနဲ့ပွဲမှာ မိုနာကိုအသင်းအတွက် နှစ်ကျော့စလုံးဂိုးသွင်းနိုင်ခဲ့တယ်။ ဘာပေးဟာ အခုရာသီမှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ပေမယ့် ယူအီးအက်ဖ်အေစည်းမျဉ်းသစ်အရ ရှုံးထွက်အဆင့်ကနေစပြီး cup-tied မိမှာ မဟုတ်ပါဘူး။ ပီအက်ဂျီဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍရေးမျှတမှုစည်းမျဉ်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံနေရချိန်မှာ အခုလိုမန်စီးတီးရဲ့ သတင်းတွေ ထွက်လာတာပါ။

-Ref; Sky sports