ႏွစ္နိုင္ငံ သံတမန္ဆက္ဆံေရးျပန္လည္စတင္ခဲ့ၿပီးေနာက္ အီရန္ႏွင့္ ေဆာ္ဒီအာေရဗ်ေခါင္းေဆာင္မ်ား ပထမဆုံးအႀကိမ္ေတြ႕ဆုံ

နိုဝင္ဘာ ၁၄

အေရွ႕အလယ္ပိုင္းေဒသ၏ ေဒသတြင္း အင္အား ႀကီးနိုင္ငံမ်ားျဖစ္သည့္ အီရန္နိုင္ငံႏွင့္ ေဆာ္ဒီအာေရဗ်နိုင္ငံတို႔မွ ေခါင္းေဆာင္ႏွစ္ဦးတို႔သည္ ယခုႏွစ္အေစာပိုင္းတြင္ ႏွစ္နိုင္ငံသံတမန္ဆက္ဆံေရး ျပန္လည္စတင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အီရန္နိုင္ငံ သမၼတ အီဘရာဟင္ရိုင္စီသည္ နိုဝင္ ဘာ ၁၁ ရက္က ရီယာ့ဒ္၌ ျပဳလုပ္သည့္ အစၥလာမၼစ္ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ႏွင့္ အာရပ္အဖြဲ႕ခ်ဳပ္၏ ပူးတြဲအစည္းအေဝးျပင္ပတြင္ ေဆာ္ ဒီအာေရဗ်မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္ႏွင့္ ေတြ႕ဆုံေဆြး ေႏြးခဲ့ျခင္းျဖစ္ေၾကာင္း အီရန္နိုင္ငံ သမၼတ႐ုံးက ေျပာၾကားသည္။

အီရန္နိုင္ငံ သမၼတ အီဘရာဟင္ရိုင္စီႏွင့္ ေဆာ္ဒီအာေရဗ်မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္တို႔သည္ ဂါဇာကမ္းေျမာင္ေဒသအေရး အပါ အဝင္ ႏွစ္နိုင္ငံအျပန္အလွန္ဆက္ဆံေရးႏွင့္ ေဒသတြင္းကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ညႇိႏွိုင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အီရန္ႏွင့္ ေဆာ္ဒီအာေရဗ်တို႔သည္ ေဒသတြင္း ေခါင္းေဆာင္မႈတြင္ ၿပိဳင္ဘက္နိုင္ငံမ်ားျဖစ္ၿပီး သံတမန္ဆက္ဆံေရး ခုနစ္ႏွစ္ၾကာ ရပ္ဆိုင္းထားခဲ့ၿပီးေနာက္ တ႐ုတ္နိုင္ငံ၏ ၾကားဝင္ေစ့စပ္မႈျဖင့္ ယခုႏွစ္ မတ္လတြင္ သံတမန္ဆက္ဆံေရးျပန္လည္ထူေထာင္ရန္ သေဘာတူညီခဲ့ၾကျခင္းျဖစ္သည္။ ထို႔ျပင္ ႏွစ္နိုင္ငံ သံ႐ုံးမ်ားကိုလည္း ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
Source: NHK

=================

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြန်လည်စတင်ခဲ့ပြီးနောက် အီရန်နှင့် ဆော်ဒီအာရေဗျခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံ

နိုဝင်ဘာ ၁၄

အရှေ့အလယ်ပိုင်းဒေသ၏ ဒေသတွင်း အင်အား ကြီးနိုင်ငံများဖြစ်သည့် အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ခေါင်းဆောင်နှစ်ဦးတို့သည် ယခုနှစ်အစောပိုင်းတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စီသည် နိုဝင် ဘာ ၁၁ ရက်က ရီယာ့ဒ်၌ ပြုလုပ်သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်၏ ပူးတွဲအစည်းအဝေးပြင်ပတွင် ဆော် ဒီအာရေဗျမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ သမ္မတရုံးက ပြောကြားသည်။

အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စီနှင့် ဆော်ဒီအာရေဗျမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်တို့သည် ဂါဇာကမ်းမြောင်ဒေသအရေး အပါ အဝင် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးနှင့် ဒေသတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီရန်နှင့် ဆော်ဒီအာရေဗျတို့သည် ဒေသတွင်း ခေါင်းဆောင်မှုတွင် ပြိုင်ဘက်နိုင်ငံများဖြစ်ပြီး သံတမန်ဆက်ဆံရေး ခုနစ်နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုနှစ် မတ်လတွင် သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ သံရုံးများကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Source: NHK