
ဧရာဝတီ၊ နိုဝင်ဘာ ၁၂


==============

ဗဟိုအလုပ်အမှုဆောင် အမျိုးသမီးရေးရာတာဝန်ခံများ ငပုတောမြို့နယ်မှ အမျိုးသမီးတာ၀န်ခံများ၊ ပါတီဝန်းရံသူများ၊ ရပ်မိရပ်ဖများ၊ First Time Voter များနှင့်တွေ့ဆုံပွဲကျင်းပ

ဧရာဝတီ၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ၊ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာ၀န်ခံ ဗဟိုအလုပ်အမှုဆောင်ဒေါ်ခင်ရွှေမြင့်တို့သည် (၁၀.၁၁ ၂၀၂၃) ရက်နေ့ နံနက်၁၀ နာရီတွင် ငပုတောမြို့နယ် ပြည်ခိုဖြိုး ရုံးတွင် အမျိုးသမီးတာ၀န်ခံများ၊First Time Voter များ၊ပါတီဝန်းရံများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာပါတီတာ၀န်ရှိသူများ တက်ရောက်လာသောအမျိုးသမီးများကတစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးအဖွဲ့ဝင်များ၊ first time volter များက သိလိုသည်များကိုမေးမြန်းတင်ပြ ဆွေးနွေးကြသည်။
ဆွေးနွေးမေးမြန်းတင်ပြမှု့များအပေါ် တိုင်း/ခရိုင်/မြို့နယ်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပေးခဲ့ပြီး တင်ပြဆွေးနွေးချက်များအပေါ် ဗဟိုအတွင်းရေးမှူး ဒေါက်စန်းစန်းနွယ်နှင့် ဗဟိုအလုပ်အမှု့ဆောင်ဒေါ်ခင်ရွှေမြင့်တို့က လိုအပ်သည်များကိုဖြည့်စွက် ​​ဆွေးနွေးခဲ့ကြသည်။
​ဆွေးနွေးပွဲ အပြီးတွင်တက်ရောက်လာကျသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည် ။