ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၁) ရက် နေ့လည်(၁၂) နာရီမှ မွန်းလွဲ (၂:၅၀) ချိန်ထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များတက်ရောက်ကာ မြို့နယ်အဆင့် ပါတီ မျက်နှာစုံညီ ပြုလုပ်မည့်ကိစ္စရပ်များနှင့် ပါတီရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများမှ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Credit – Aye Mintun


Leave a Reply