

===================

ကန်ကြီးထောင့်မြို့နယ် လူငယ်တွေ့ဆုံပွဲသို့ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များတက်ရောက်

၁၀.၁၁.၂၀၂၃ နေ့ ၁၁း၀၀နာရီတွင် ကန်ကြီးထောင့်မြို့နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမ၌ Project Cycle Management လူငယ်အကဲဖြတ်သုံးသပ်ရေးဗဟိုအဖွဲ့ကွင်းဆင်းဆောင်ရွက်မှု့လုပ်ငန်းစဉ်အတွက် လူငယ်​တွေ့ဆုံပွဲအား ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊အောက်မြန်မာနိုင်ငံလူငယ် တာဝန်ခံ​ဒေါ်သိင်္ဂီဝင်းရွှေ တိုင်းပါတီဥက္ကဌဦးသိန်းထွန်း တိုင်းလူငယ်တာဝန်ခံ​ဒေါက်တာထိန်ဝင်းနှင့် တိုင်း​ကော်မတီဝင်များ၊ပုသိမ်ခရိုင် (ယာယီဥက္ကဌ)ဦးဝင်းမောင်၊ ဘဏ္ဍာရေးမှုးဦးနောင်ကိုလတ်၊ ကန်ကြီးထောင့် မြို့နယ်ပါတီဥက္ကဌဦးသက်နိုင်ဦးနှင့်ကော်မတီဝင်များ First Time Voterများ၊ပါတီဝန်းရံလူငယ်မျာတိုင်းရင်း သား လူငယ်များ၊ပါတီအမာခံလူငယ်များ (၆၉)ဦး ပေါင်း (၉၅)ဦး တက် ရောက်ကြပါသည်။တက်ရောက်လာသူလူငယ် (၈)ဦး ၏မေးမြန်း​ဆွေးနွေးမှုများအား ဗဟိုလူငယ်တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊​ဒေါ်သိင်္ဂီဝင်းရွှေ ၊ တိုင်းလူငယ်တာဝန်ခံဒေါက်တာထိန်ဝင်း တိုင်းပါတီဥက္ကဌဦးသိန်းထွန်းတို့မှလက်ရှိ​ဆောင်ရွက်နိုင်မှု့ တင်ပြနိုင်မှု့ ဆက်စပ်​ဆောင်ရွက်နိုင်မှု့များကို ဖြေကြားပြီး​တိုင်းပါတီဥက္ကဌမှ ကိုင်းဆက်ကိုင်းကူးနှင့်မှိုစိုက်ပျိုးခြင်းလက်တွေ့သရုပ်ပြသ၍ နေ့လည် ၁၂း၃၀ တွင်အောင်မြင်စွာ တွေ့ဆုံပြီးစီးပါသည်။