မ်က္လုံးက်န္းမာေရးအတြက္ ဒါေတြသိထားသင့္တယ္

လူအေတာ္မ်ားမ်ားက ေရာဂါလို႔ဆိုလိုက္ရင္ ႏွလုံးတို႔၊ ေသြးတိုးတို႔လို တကယ့္အႀကီးႀကီးေတြကို အရင္ေျပးျမင္မိတတ္ၾကမွာပါ။တကယ္ေတာ့တစ္ကိုယ္လုံးမွာေရာဂါမျဖစ္တဲ့အစိတ္အပိုင္းဆိုတာမရွိပါဘူး။ ဒီလိုပဲ ေန႔တိုင္းမရွိမျဖစ္အသုံးျပဳေနရတဲ့ မ်က္လုံး၊ ပါးစပ္၊ ႏွာေခါင္း လိုအစိတ္အပိုင္းေတြလည္း ျပႆနာေပၚတတ္တာေမ့ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အခုတစ္ေခါက္ေတာ့ ကၽြန္ေတာ္တို႔ အျမဲတမ္းသုံးေနရၿပီး ဂ႐ုစိုက္ဖို႔ေမ့ေနတတ္တဲ့ မ်က္လုံးတစ္စုံအတြက္ ဂ႐ုစိုက္ရမွာေလးေတြ ေျပာျပေပးခ်င္ပါတယ္။

၁. တစ္ႏွစ္တစ္ခါ မ်က္လုံးမစစ္ေဆးဘူး
‘ကာကြယ္ျခင္းသည္ ကုသျခင္းထက္ပိုေကာင္း၏’ ဆိုတာ ဘယ္ေရာဂါအတြက္မဆိုမွန္ပါတယ္။ အသက္ ၄၀ ေက်ာ္သူတိုင္း ကိုယ့္မ်က္လုံးကို တစ္ႏွစ္တစ္ခါေတာ့ မွန္မွန္စစ္ေဆးသင့္ပါတယ္။ ဒါမွေရတိမ္စြဲတာလို အႏၲရာယ္မ်ားတဲ့မ်က္လုံး ေရာဂါတခ်ိဳ႕ကို အခ်ိန္မီတားဆီးနိုင္မွာေပါ့။ မိသားစုမ်ိဳးရိုးမွာ မ်က္လုံးျပႆနာရွိသူေတြဆို ပိုေတာင္ဂ႐ုစိုက္စစ္ေဆးသင့္ပါေသးတယ္။
၂. မ်က္လုံးယားေနတာကို ဂ႐ုမစိုက္ဘူး
မ်က္လုံးကဘာေၾကာင့္မွန္းမသိဘဲ ခဏခဏယားေနတာ၊ နီရဲလာတာ၊ ပူစပ္ပူေလာင္ခံစားရတာေတြက မ်က္လုံးျပႆနာတစ္မ်ိဳးမ်ိဳးရဲ့ ေရွ႕ေျပးလကၡဏာေတြျဖစ္နိုင္ပါတယ္။ ေနာက္ၿပီး မ်က္လုံးက အလင္းေရာင္ဒဏ္မခံနိုင္တာ၊ မ်က္ေတာင္ခတ္ရင္ ခိုးလို႔ခုလုျဖစ္ေနတာ၊ မ်က္ဝတ္ခဏခဏထြက္တာေတြကလည္း မ်က္စိဆရာဝန္နဲ႔ ေသခ်ာျပသၿပီးလိုအပ္သလို ကုသမႈခံယူသင့္တဲ့အေျခအေနေတြပါ။

၃. မ်က္လုံးမွာဒဏ္ျဖစ္သြားလည္း ဂ႐ုမစိုက္ဘူး
မ်က္လုံးထိခိုက္မိရင္ ဘယ္ေလာက္ေသးတဲ့ထိခိုက္မႈပဲျဖစ္ျဖစ္ မေပါ့ဆဖို႔ မွာပါရေစ။ ဘာမွမျဖစ္ေလာက္ပါဘူးကြာဆိုၿပီး ေပါ့ေသးေသးထားလိုက္ရင္ အခ်ိန္လြန္မွ အျမင္အာ႐ုံဆုံးရႈံးသြားတဲ့အထိ ခံစားသြားရနိုင္လို႔ပါ။ အထူးသျဖင့္ ထိမိခိုက္မိၿပီး မ်က္လုံးကၾကည့္ရတာသိပ္မေကာင္းဘူးျဖစ္ေနမယ္၊ မ်က္လုံးေကာင္းေကာင္းဖြင့္လို႔မရဘူး၊ မ်က္လုံးရဲ့အျဖဴကြက္ေတြထဲမွာ ေသြးစေလးေတြျမင္ေနရမယ္၊ မ်က္လုံးကလႈပ္ရွားလို႔သိပ္မေကာင္းဘူး၊ မ်က္စိသားငယ္အိမ္က တစ္ဖက္နဲ႔တစ္ဖက္ မညီဘူးျဖစ္ေနမယ္ စတာေတြထဲက တစ္မ်ိဳးမ်ိဳးခံစားရမယ္ဆို မ်က္စိဆရာဝန္နဲ႔ ျပကိုျပသရပါမယ္။

၄. မ်က္လုံးကို ခဏခဏပြတ္တယ္
မ်က္လုံးကိုခပ္ၾကမ္းၾကမ္းပြတ္လိုက္တာက မ်က္လုံးျပႆနာကို ပိုဆိုးေစဖို႔ပဲ ရွိပါတယ္။ ကၽြန္ေတာ္တို႔ လက္ေတြက အရာဝတၳဳမ်ိဳးစုံကို တစ္ခ်ိန္လုံး ကိုင္တြယ္အသုံးျပဳေနတာျဖစ္လို႔ ပိုးမႊားမ်ိဳးစုံကပ္တြယ္ေနပါတယ္။ ဒါ့ေၾကာင့္ လက္နဲ႔ပြတ္ရင္မ်က္လုံးထဲကို ပိုးမႊားမ်ိဳးစုံဝင္သြားနိုင္႐ုံတင္မကပဲ မ်က္လုံးေသြးေၾကာမၽွင္ေလးေတြ ကိုလည္းပ်က္စီးေစနိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ မ်က္လုံးကို မျဖစ္မေန ထိေတြ႕ဖို႔လိုလာရင္ေတာင္ လက္ကိုေသေသခ်ာခ်ာအရင္ေဆးေၾကာဖို႔ သတိရပါ။

၅. တစ္ခ်ိန္လုံး မွန္သားမ်က္ႏွာျပင္(screens) ေတြပဲၾကည့္ေနတယ္
ကၽြန္ေတာ္တို႔ေတြေန႔တိုင္း ကြန္ပ်ဴတာ၊ ဖုန္း၊တီဗီမ်က္ႏွာျပင္ေတြေရွ႕မွာ အခ်ိန္ဘယ္ေလာက္ေတာင္ကုန္ဆုံးေနရပါလဲ။ တကယ္ေတာ့ ဒီအခ်က္ကို ကိုယ့္ဖာသာဆန္းစစ္ၾကည့္ဖို႔ေကာင္းပါတယ္။ အီလက္ထေရာနစ္မ်က္ႏွာျပင္ေတြကို အခ်ိန္ၾကာၾကာၾကည့္တာက မ်က္လုံးကိုအားနည္းလာေစၿပီး ေခါင္းကိုက္ေဝဒနာေတြကိုေတာင္ ျဖစ္ေစနိုင္ပါတယ္။ အလုပ္ေၾကာင့္ မျဖစ္မေနသုံးေနရတယ္ဆိုရင္ေတာင္ ၂၀/၂၀/၂၀ ဆိုတဲ့စာလုံးေလးကိုသတိရပါ။ အဓိပၸါယ္ကေတာ့ တီဗီမ်က္ႏွာျပင္ေတြကို မိနစ္ ၂၀ ၾကာေအာင္ၾကည့္ၿပီးတိုင္း ေပ ၂၀ အကြာက ျမင္ကြင္းေတြကို စကၠန႔္ ၂၀ ၾကာေအာင္ ၾကည့္ေပးဖို႔ပါ။

၆. လိုအပ္တဲ့အေျခအေနေတြမွာ Safety Glass ေတြမဝတ္ဘူး
ဒါလည္း ႀကိဳတင္ကာကြယ္မႈတစ္ခုပါပဲ။ အိမ္သန႔္ရွင္းေရးလုပ္ရင္ပဲျဖစ္ျဖစ္ အားသြန္ခြန္စိုက္ကစားရတဲ့အားကစားေတြလုပ္ရင္ပဲျဖစ္ျဖစ္ မ်က္လုံးထိခိုက္မိနိုင္တဲ့ အေျခအေနရွိပါတယ္။ ဒါ့ေၾကာင့္ အေျခအေနေပၚမူတည္ၿပီး safety glass၊ safety shield၊ eye guards ေတြ ဝတ္ဆင္ေပးပါ။ မ်က္လုံးဆိုတာ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး တအားလည္းႏူးညံ့တာမို႔ အျမဲသတိနဲ႔ ကာကြယ္ဖို႔မေမ့ပါနဲ႔။

၇. ေဆးလိပ္ေသာက္တတ္သူလား
ေဆးလိပ္က က်န္းမာေရးအတြက္ ဘာေကာင္းက်ိဳးမွ
မေပးပါဘူး။ မ်က္လုံးအတြက္လည္း အလားတူပါပဲ။ ေဆးလိပ္ေသာက္ေလ့ရွိသူေတြမွာ မ်က္လုံးတိမ္စြဲျခင္း၊ မ်က္လုံးအာ႐ုံေၾကာမ်ား ပ်က္စီးျခင္း၊ အျမင္အာ႐ုံတျဖည္းျဖည္းယိုယြင္းပ်က္စီးျခင္းေတြ ၾကဳံရၿပီး အခ်ိန္ၾကာလာတာနဲ႔အမၽွ မ်က္စိကြယ္သြားနိုင္ပါတယ္။

၈. မ်က္မွန္တပ္သင့္ရဲ့သားနဲ႔မတပ္ဘူး
ဒါလည္း မ်က္လုံးက်န္းမာေရးကို ထိခိုက္ေစတဲ့အခ်က္ေတြထဲမွာပါဝင္ပါတယ္။ အနီးမႈန္ျဖစ္ျဖစ္ အေဝးမႈန္ျဖစ္ျဖစ္ မ်က္စိပါဝါ ရွိလာရင္ မ်က္မွန္တပ္သင့္ပါတယ္။ ပါဝါရွိတာကို မ်က္မွန္မတပ္ဘဲ ေနလိုက္ရင္ အခ်ိန္နဲ႔အမၽွ မ်က္စိမႈန္တာပိုဆိုးလာေတာ့မွာပါ။

Credit: ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Dr. Thiha Phyo Myinthellosayarwon

#yoyarlay

===================

မျက်လုံးကျန်းမာရေးအတွက် ဒါတွေသိထားသင့်တယ်

လူအတော်များများက ရောဂါလို့ဆိုလိုက်ရင် နှလုံးတို့၊ သွေးတိုးတို့လို တကယ့်အကြီးကြီးတွေကို အရင်ပြေးမြင်မိတတ်ကြမှာပါ။တကယ်တော့တစ်ကိုယ်လုံးမှာရောဂါမဖြစ်တဲ့အစိတ်အပိုင်းဆိုတာမရှိပါဘူး။ ဒီလိုပဲ နေ့တိုင်းမရှိမဖြစ်အသုံးပြုနေရတဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း လိုအစိတ်အပိုင်းတွေလည်း ပြဿနာပေါ်တတ်တာမေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ ကျွန်တော်တို့ အမြဲတမ်းသုံးနေရပြီး ဂရုစိုက်ဖို့မေ့နေတတ်တဲ့ မျက်လုံးတစ်စုံအတွက် ဂရုစိုက်ရမှာလေးတွေ ပြောပြပေးချင်ပါတယ်။

၁. တစ်နှစ်တစ်ခါ မျက်လုံးမစစ်ဆေးဘူး
‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏’ ဆိုတာ ဘယ်ရောဂါအတွက်မဆိုမှန်ပါတယ်။ အသက် ၄၀ ကျော်သူတိုင်း ကိုယ့်မျက်လုံးကို တစ်နှစ်တစ်ခါတော့ မှန်မှန်စစ်ဆေးသင့်ပါတယ်။ ဒါမှရေတိမ်စွဲတာလို အန္တရာယ်များတဲ့မျက်လုံး ရောဂါတချို့ကို အချိန်မီတားဆီးနိုင်မှာပေါ့။ မိသားစုမျိုးရိုးမှာ မျက်လုံးပြဿနာရှိသူတွေဆို ပိုတောင်ဂရုစိုက်စစ်ဆေးသင့်ပါသေးတယ်။
၂. မျက်လုံးယားနေတာကို ဂရုမစိုက်ဘူး
မျက်လုံးကဘာကြောင့်မှန်းမသိဘဲ ခဏခဏယားနေတာ၊ နီရဲလာတာ၊ ပူစပ်ပူလောင်ခံစားရတာတွေက မျက်လုံးပြဿနာတစ်မျိုးမျိုးရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နိုင်ပါတယ်။ နောက်ပြီး မျက်လုံးက အလင်းရောင်ဒဏ်မခံနိုင်တာ၊ မျက်တောင်ခတ်ရင် ခိုးလို့ခုလုဖြစ်နေတာ၊ မျက်ဝတ်ခဏခဏထွက်တာတွေကလည်း မျက်စိဆရာဝန်နဲ့ သေချာပြသပြီးလိုအပ်သလို ကုသမှုခံယူသင့်တဲ့အခြေအနေတွေပါ။

၃. မျက်လုံးမှာဒဏ်ဖြစ်သွားလည်း ဂရုမစိုက်ဘူး
မျက်လုံးထိခိုက်မိရင် ဘယ်လောက်သေးတဲ့ထိခိုက်မှုပဲဖြစ်ဖြစ် မပေါ့ဆဖို့ မှာပါရစေ။ ဘာမှမဖြစ်လောက်ပါဘူးကွာဆိုပြီး ပေါ့သေးသေးထားလိုက်ရင် အချိန်လွန်မှ အမြင်အာရုံဆုံးရှုံးသွားတဲ့အထိ ခံစားသွားရနိုင်လို့ပါ။ အထူးသဖြင့် ထိမိခိုက်မိပြီး မျက်လုံးကကြည့်ရတာသိပ်မကောင်းဘူးဖြစ်နေမယ်၊ မျက်လုံးကောင်းကောင်းဖွင့်လို့မရဘူး၊ မျက်လုံးရဲ့အဖြူကွက်တွေထဲမှာ သွေးစလေးတွေမြင်နေရမယ်၊ မျက်လုံးကလှုပ်ရှားလို့သိပ်မကောင်းဘူး၊ မျက်စိသားငယ်အိမ်က တစ်ဖက်နဲ့တစ်ဖက် မညီဘူးဖြစ်နေမယ် စတာတွေထဲက တစ်မျိုးမျိုးခံစားရမယ်ဆို မျက်စိဆရာဝန်နဲ့ ပြကိုပြသရပါမယ်။

၄. မျက်လုံးကို ခဏခဏပွတ်တယ်
မျက်လုံးကိုခပ်ကြမ်းကြမ်းပွတ်လိုက်တာက မျက်လုံးပြဿနာကို ပိုဆိုးစေဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ လက်တွေက အရာဝတ္ထုမျိုးစုံကို တစ်ချိန်လုံး ကိုင်တွယ်အသုံးပြုနေတာဖြစ်လို့ ပိုးမွှားမျိုးစုံကပ်တွယ်နေပါတယ်။ ဒါ့ကြောင့် လက်နဲ့ပွတ်ရင်မျက်လုံးထဲကို ပိုးမွှားမျိုးစုံဝင်သွားနိုင်ရုံတင်မကပဲ မျက်လုံးသွေးကြောမျှင်လေးတွေ ကိုလည်းပျက်စီးစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် မျက်လုံးကို မဖြစ်မနေ ထိတွေ့ဖို့လိုလာရင်တောင် လက်ကိုသေသေချာချာအရင်ဆေးကြောဖို့ သတိရပါ။

၅. တစ်ချိန်လုံး မှန်သားမျက်နှာပြင်(screens) တွေပဲကြည့်နေတယ်
ကျွန်တော်တို့တွေနေ့တိုင်း ကွန်ပျူတာ၊ ဖုန်း၊တီဗီမျက်နှာပြင်တွေရှေ့မှာ အချိန်ဘယ်လောက်တောင်ကုန်ဆုံးနေရပါလဲ။ တကယ်တော့ ဒီအချက်ကို ကိုယ့်ဖာသာဆန်းစစ်ကြည့်ဖို့ကောင်းပါတယ်။ အီလက်ထရောနစ်မျက်နှာပြင်တွေကို အချိန်ကြာကြာကြည့်တာက မျက်လုံးကိုအားနည်းလာစေပြီး ခေါင်းကိုက်ဝေဒနာတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ အလုပ်ကြောင့် မဖြစ်မနေသုံးနေရတယ်ဆိုရင်တောင် ၂၀/၂၀/၂၀ ဆိုတဲ့စာလုံးလေးကိုသတိရပါ။ အဓိပ္ပါယ်ကတော့ တီဗီမျက်နှာပြင်တွေကို မိနစ် ၂၀ ကြာအောင်ကြည့်ပြီးတိုင်း ပေ ၂၀ အကွာက မြင်ကွင်းတွေကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးဖို့ပါ။

၆. လိုအပ်တဲ့အခြေအနေတွေမှာ Safety Glass တွေမဝတ်ဘူး
ဒါလည်း ကြိုတင်ကာကွယ်မှုတစ်ခုပါပဲ။ အိမ်သန့်ရှင်းရေးလုပ်ရင်ပဲဖြစ်ဖြစ် အားသွန်ခွန်စိုက်ကစားရတဲ့အားကစားတွေလုပ်ရင်ပဲဖြစ်ဖြစ် မျက်လုံးထိခိုက်မိနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါ့ကြောင့် အခြေအနေပေါ်မူတည်ပြီး safety glass၊ safety shield၊ eye guards တွေ ဝတ်ဆင်ပေးပါ။ မျက်လုံးဆိုတာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တအားလည်းနူးညံ့တာမို့ အမြဲသတိနဲ့ ကာကွယ်ဖို့မမေ့ပါနဲ့။

၇. ဆေးလိပ်သောက်တတ်သူလား
ဆေးလိပ်က ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ
မပေးပါဘူး။ မျက်လုံးအတွက်လည်း အလားတူပါပဲ။ ဆေးလိပ်သောက်လေ့ရှိသူတွေမှာ မျက်လုံးတိမ်စွဲခြင်း၊ မျက်လုံးအာရုံကြောများ ပျက်စီးခြင်း၊ အမြင်အာရုံတဖြည်းဖြည်းယိုယွင်းပျက်စီးခြင်းတွေ ကြုံရပြီး အချိန်ကြာလာတာနဲ့အမျှ မျက်စိကွယ်သွားနိုင်ပါတယ်။

၈. မျက်မှန်တပ်သင့်ရဲ့သားနဲ့မတပ်ဘူး
ဒါလည်း မျက်လုံးကျန်းမာရေးကို ထိခိုက်စေတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ အနီးမှုန်ဖြစ်ဖြစ် အဝေးမှုန်ဖြစ်ဖြစ် မျက်စိပါဝါ ရှိလာရင် မျက်မှန်တပ်သင့်ပါတယ်။ ပါဝါရှိတာကို မျက်မှန်မတပ်ဘဲ နေလိုက်ရင် အချိန်နဲ့အမျှ မျက်စိမှုန်တာပိုဆိုးလာတော့မှာပါ။

Credit: ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myinthellosayarwon

#yoyarlay