တရားမဝင္ ေဆးဝါးမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ လုပ္ငန္းသုံးပစၥည္းမ်ား၊ ဆိုင္ကယ္အပိုပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ ေမာ္ေတာ္ ယာဥ္မ်ား သိမ္းဆည္းရမိ

နိုဝင္ဘာ ၂၀

တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦး ေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ တားဆီးအေရးယူနိုင္ေရး ေဆာင္ ရြက္လ်က္ရွိရာ အေကာက္ ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕မ်ားက စစ္ ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ နိုဝင္ဘာ ၁၇ ရက္တြင္ ျမန္မာ့စက္မႈဆိပ္ကမ္း၌ ကုန္ေသတၱာ ၂၁ လုံးအတြင္းမွပိုင္ရွင္က ထုတ္ယူလိုေသာ ဆႏၵမရွိ
သည့္ ကုန္ပစၥည္းမ်ားျဖစ္ေသာ Textile Materials အထည္အလိပ္ ၂၀၅၇၈၅ ကီလိုဂရမ္ (ခန႔္မွန္းတန္ဖိုးေငြ – ၆၂,၆၄၄,၆၆၅ က်ပ္)၊ Textile Fabric Fiber ကီလိုဂရမ္ ၁၅၅၀၀၀ (ခန႔္မွန္းတန္ဖိုးေငြ ၄၇,၁၁၁,၄၇၅ က်ပ္)၊ Trifamox (ပိုးသတ္ေဆး) ေဆးဝါးဘူး ၉၈၀၀
အပါအဝင္ ကုန္ပစၥည္း သုံးမ်ိဳး(ခန႔္မွန္းတန္ဖိုးေငြ ၃၇၀,၇၂၈,၇၈၂ က်ပ္)၊ ဂုံအိတ္ႏွင့္ အိတ္မ်ိဳးစုံ ကုန္ၾကမ္းပစၥည္း ကီလိုဂရမ္ ၆၀၇၀၀ (ခန႔္မွန္းတန္ဖိုးေငြ ၁၈,၃၂၇,၉၂၂ က်ပ္)၊ ေရာ္ဘာေစးထုတ္လုပ္ရန္ ကုန္ၾကမ္းပစၥည္း ၁၇၉၂၅ ကီလို ဂရမ္ (ခန႔္မွန္းတန္ဖိုးေငြ ၁၃,၁၂၄,၆၈၅ က်ပ္)ႏွင့္ ဓာတုကုန္ၾကမ္းပစၥည္း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ္(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၃,၅၇၆,၈၆၀)ကို လည္းေကာင္း၊ နိုဝင္ဘာ ၁၈ ရက္တြင္ေကာ့ကရိတ္(တံတားက်ိဳး) စုေပါင္းစစ္ေဆးေရးစခန္း၌ ျမဝတီၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွ တရားဝင္စာရြက္စာတမ္းအေထာက္အထား တင္ျပနိုင္ျခင္း မရွိေသာ InnoPlus Linear Low Density Polyethylene ၁၀၀၀ ကီလိုဂရမ္၊ CAMEL Motor- cycle Tube အခု ၆၀၀ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅,၃၀၀,၀၀၀)၊ Xuemel Monosodium Glutamate ၁၇၅၀ ကီလိုဂရမ္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၉၀,၀၀၀)ႏွင့္ အဆိုပါပစၥည္းမ်ား တင္ ေဆာင္လာသည့္ Nissan Diesel Truck တစ္စီး (ခန႔္ မွန္းတန္ဖိုးေငြက်ပ္ ၄၀,၀၀၀,၀၀၀) ကိုလည္း ေကာင္း၊ နိုဝင္ဘာ ၁၉ ရက္တြင္ မရမ္းေခ်ာင္ အျမဲတမ္း စစ္ ေဆးေရးစခန္း၌ ယာဥ္တစ္စီးေပၚမွ တရားဝင္စာရြက္စ ာတမ္းအေထာက္အထားတင္ျပနိုင္ျခင္း မရွိသည့္ Prawn Hornet ဟင္း သီးဟင္းရြက္ဆီ ၁၈ လီတာပါဘူး ၂၁၀ (ခန႔္မွန္း တန္ဖိုးေငြ ၁၀,၅၀၀,၀၀၀ က်ပ္)ႏွင့္ အဆိုပါ ပစၥည္းမ်ား တင္ေဆာင္လာသည့္ Dong Feng ယာဥ္တစ္စီး (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၅၀,၀၀၀,၀၀၀) ကို လည္းေကာင္း စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြ ၅၇၅,၇၁၄,၃၈၉ က်ပ္ကို သိမ္း ဆည္းရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရး ယူေဆာင္ရြက္လ်က္ရွိသည္။

သို႔ျဖစ္ပါ၍ နိုဝင္ဘာ ၁၇ ရက္၊ ၁၈ ရက္ႏွင့္ ၁၉ ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္းမွာ အမႈတြဲ ၁၆ မႈ (ခန႔္မွန္းတန္ဖိုးေငြ ၆၃၆,၂၁၄,၃၈၉ က်ပ္ ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္ မတီမွ သိရသည္။

#PAN

================

တရားမဝင် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှပိုင်ရှင်က ထုတ်ယူလိုသော ဆန္ဒမရှိ
သည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials အထည်အလိပ် ၂၀၅၇၈၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ – ၆၂,၆၄၄,၆၆၅ ကျပ်)၊ Textile Fabric Fiber ကီလိုဂရမ် ၁၅၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေ ၄၇,၁၁၁,၄၇၅ ကျပ်)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါးဘူး ၉၈၀၀
အပါအဝင် ကုန်ပစ္စည်း သုံးမျိုး(ခန့်မှန်းတန်ဖိုးငွေ ၃၇၀,၇၂၈,၇၈၂ ကျပ်)၊ ဂုံအိတ်နှင့် အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ကီလိုဂရမ် ၆၀၇၀၀ (ခန့်မှန်းတန်ဖိုးငွေ ၁၈,၃၂၇,၉၂၂ ကျပ်)၊ ရော်ဘာစေးထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း ၁၇၉၂၅ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေ ၁၃,၁၂၄,၆၈၅ ကျပ်)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၇၆,၈၆၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင်ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသော InnoPlus Linear Low Density Polyethylene ၁၀၀၀ ကီလိုဂရမ်၊ CAMEL Motor- cycle Tube အခု ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၀၀,၀၀၀)၊ Xuemel Monosodium Glutamate ၁၇၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်း ကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ် ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စ ာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Prawn Hornet ဟင်း သီးဟင်းရွက်ဆီ ၁၈ လီတာပါဘူး ၂၁၀ (ခန့်မှန်း တန်ဖိုးငွေ ၁၀,၅၀၀,၀၀၀ ကျပ်)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၅၇၅,၇၁၄,၃၈၉ ကျပ်ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၆၃၆,၂၁၄,၃၈၉ ကျပ် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရသည်။

#PAN