ဂျပန်နိုင်ငံလေ့လာခရီးစဉ်အတွက် အဆိုပြုလွှာတင်သွင်းခွင့် သတ်မှတ်ထုတ်ပြန်

13507009_10207369551576868_7846646713140967049_n(2)

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အတွက် အဆိုပြုလွှာ တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် စုစုပေါင်း ရမှတ် ၅၅၀ နှင့်အထက် ရရှိသူများနှင့် ၀ိဇ္ဇာ/ သိပ္ပံ ဘာသာတွဲဖြင့် စုစုပေါင်းရမှတ် ၄၉၃ မှတ်နှင့် အထက်ရရှိသူများ တင်သွင်းခွင့် ရရှိ ကြောင်း သိရသည်။

အဆိုပြုလွှာ တင်သွင်းခွင့်ရရှိသူများသည် အထွေထွေအင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ၂ နာရီ ရေး၊ ဖြေ စာမေးပွဲအား ရန်ကုန်မြို့ နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) တွင် ဇူလိုင်လ ၂၃ ရက်၊ နံနက် ၉ နာရီတွင် ဖြေဆိုရမည်ဖြစ်ပြီး အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်း ဖုန်း – ၀၁-၂၅၆၀၇၄၊ ၀၁-၂၅၆၀၇၅ တွင် ရယူကာ ဇူလိုင်လ ၁၈ ရက် နောက်ဆုံး ထားလျှောက်ထားနိုင်ကြောင်း သိရသည်။


Leave a Reply