Snapdragon 820 နှင့် 6GB RAM ပါဝင်သည့် nubia Z11 ကို ZTE မိတ်ဆက်

gsmarena_002_1

ZTE ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် နောက်ဆုံးပေါ် အထင်ကရဖုန်းတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

ZTE nubia Z11 ကို သတ္တုကိုယ်ထည်နှင့် ဘေးဘောင်မပါလုနီးပါး display ဖြင့် တည်ဆောက်ထားသည်။ Qualcomm ၏ Snapdragon 820 chipset ကို အသုံးပြုထားပြီး 4GB RAM/64GB နှင့် 6GB RAM/128GB အမျိုးအစားများဖြင့် ရရှိနိုင်သည်။ MicroSD card slot ပါဝင်ပြီး dual-SIM ဖြင့် သုံးနိုင်သည်။

ပင်မကင်မရာက 16MP resolution ဖြစ်ပြီး Sony ၏ IMX298 sensor, OIS, phase detection autofocus, f/2.0 aperture နှင့် sapphire ဖြင့်ကာကွယ်ထားသော မှန်ဘီလူးတို့ဖြင့် အသုံးပြုနိုင်သည်။ Selfie ကင်မရာက 8MP ဖြစ်ပြီး 1.4 micron pixels, f/2.4 aperture နှင့် 80-degree wide-angle မြင်ကွင်းဖြင့် ရိုက်ကူးနိုင်သည်။

Screen က ၅.၅ လက်မဖြစ်ပြီး 1080p resolution ဖြင့်သုံးနိုင်သည်။ Screen ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားသည်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး Qualcomm Quick Charge 3.0 ကို ထောက်ပံ့ပေးထားသည်။ Android 6.0 Marshmallow နှင့် ZTE ၏ nubia UI 4.0 ဖြင့် အသုံးပြုနိုင်သည်။ ဟန်းဆက်၏ ကျောဘက်တွင် လက်ဗွေဖတ်စနစ်ပါဝင်ပြီး ၀.၁ စက္ကန့်အတွင်း unlock လုပ်နိုင်သည်။

nubia Z11 ကို တရုတ်နိုင်ငံ၌ ဇူလိုင်လ ၆ ရက်တွင် ရောင်းချမည်ဖြစ်သည်။ တန်ဖိုးမှာ 4GB RAM/64GB အတွက် ၂,၄၉၉ ယွမ် (၃၇၅ ဒေါ်လာ) ဖြစ်ပြီး 6GB RAM/128GB အတွက် ၃,၄၉၉ ယွမ် (၅၂၆ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။

Ref: GSMArena


Leave a Reply