အစိုးရက မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ်ပြိုင်တည်း လက်ခံတွေ့ဆုံပါကမည်သည့်ကိစ္စမဆို ညှိနှိုင်းနိုင်ကြောင်း TNLA ပြောကြား

အစိုးရအနေဖြင့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ် ပြိုင်တည်း လက်ခံတွေ့ဆုံမည်ဆို ပါက လက်ရှိ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပါဝင်ရေးအပါအဝင် မည်သည့် ကိစ္စမဆို ညှိနှိုင်းနိုင်ကြောင်း မြောက်ပိုင်းခုနစ်ဖွဲ့၌ ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ တာ့ ဘုန်းကျော်က ပြောသည်။

‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIO/KIA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA) မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့သည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်ဆိုကာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဖွဲ့စည်း ထားပြီး ယင်းကော်မတီကိုအစိုးရ က လက်ခံတွေ့ဆုံခြင်းမရှိသေး ပေ။

လက်ရှိ NCA အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး ညှိနှိုင်းရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး တာ့ဘုန်းကျော်ကို မေးမြန်းရာ ၎င်းက ‘‘အဲဒါက မြန်မာအစိုးရဘက်က ကျွန်တော် တို့ ကော်မတီကို တွေ့ဆုံမှုအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ ကော်မတီကို တွေ့မယ်ဆိုရင် ကိစ္စရပ်တိုင်းကို ကျွန်တော်တို့ နှစ် ဖက်အလျှော့အတင်းတွေလုပ်ပြီး ဆွေးနွေးရမယ့် သဘောရှိပါ တယ်။ အဓိကကတော့ မြန်မာ အစိုးရဘက်က FPNCC ကို လက်ခံတွေ့ဆုံဖို့ ပထမဆုံးအရေးကြီး တယ်လို့ မြင်ပါတယ်’’ဟု ပြော သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်တွင် မြောက်ပိုင်းခုနစ်ဖွဲ့၌ ပါဝင်သည့် ‘ဝ’နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့များ၏ ဒေသသို့ သွားရောက်မည်ဖြစ်သည်။ ယင်းခရီးစဉ်တွင် အစိုးရ၊ တပ်မတော်ကိုယ်စား လှယ် ၂၀ ကျော်ပါဝင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကိစ္စ များ ဆွေးနွေးရန် ရည်ရွယ်ထားသည်။ ‘ဝ’ နှင့် မိုင်းလားဒေသသို့ လာရောက်မည့် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် မြောက်ပိုင်းခုနစ်ဖွဲ့ တွေ့ဆုံရန် ရှိ၊ မရှိနှင့်ပတ်သက် ပြီး နှစ်ဖက်စလုံးက အတည်ပြုနိုင် သေးခြင်းမရှိပေ။

ငြိမ်းချမ်းရေး အပါအဝင်နိုင်ငံရေးကိစ္စဆွေးနွေးရန်နှင့်ပတ်သက်ပြီး အစိုးရနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံခြင်းမပြုရန် မြောက်ပိုင်း ခုနစ်ဖွဲ့က ဆုံးဖြတ်ထားသည်။ မြန်မာ-တရုတ် နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အများစုပါဝင်သည့် မြောက်ပိုင်းခုနစ်ဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးနိုင်ရေး တရုတ် အစိုးရကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းပေးသော်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းမရှိသေးပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် မကြာခဏတွေ့ဆုံဆွေးနွေးပြီး ထိုသို့တွေ့ဆုံရာတွင် မြောက်ပိုင်းခုနစ်ဖွဲ့အရေးကိုလည်း ဆွေးနွေး ခဲ့သည်။ ထို့အပြင် ၎င်းသည်မြောက်ပိုင်း ခုနစ်ဖွဲ့နှင့်လည်း တွေ့ဆုံ ဆွေးနွေးထားသည်။