ျမန္မာႏွင့္ေျမာက္ကိုရီးယားအသင္းတို႔ နိုဝင္ဘာ လ ၂၁ ရက္တြင္ ကမၻာ့ဖလားေျခစစ္ပြဲ ယွဥ္ၿပိဳင္ကစားမည္

၂၀၂၆ ကမၻာ့ဖလား အာရွဇုန္ ဒုတိယအဆင့္ ေၿခ စစ္ပြဲအုပ္စုဒုတိယေန႔ကို နိုဝင္ဘာလ ၂၁ ရက္တြင္ ျမန္မာအသင္းက ေျမာက္ကိုရီးယားအသင္းနဲ႔ အိမ္ကြင္းမွာယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ျမန္မာအသင္းအေနနဲ႔ ဂ်ပန္အသင္းနဲ႔ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ကာ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိေနၿပီး ေျမာက္ကိုရီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ ျပန္လည္ျပင္ဆင္လ်က္ရွိပါတယ္။

ျမန္မာအသင္းဟာ ဂ်ပန္၊ ေျမာက္ကိုရီးယား၊ ဆီးရီးယား အသင္းတို႔နဲ႔ အုပ္စုက်ပ္အတြင္း က်ေရာက္ေန ကာ ရမွတ္ရယူေရးအတြက္ အိမ္ကြင္းပြဲေတြကို အားစိုက္အသုံးျပဳရမွာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားအသင္းဟာ အုပ္စု ပထမပြဲအျဖစ္ အေဝးကြင္းမွာ ဆီးရီးယားအသင္းကို တစ္ဂိုး၊ ဂိုးမရွိနဲ႔ ရႈံးနိမ့္ထားပါတယ္။ ျမန္မာအသင္းနည္းျပခ်ဳပ္ ဖိုက္အြန္ဘိုင္နာ က ဂ်ပန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ေျမာက္ကိုရီးယားနဲ႔ ဆီးရီးယား အသင္းေတြဆီက အမွတ္ေတြ ရေအာင္ ႀကိဳးစားသြားမယ္လို႔ ေျပာထားပါတယ္။

===============

မြန်မာနှင့်မြောက်ကိုရီးယားအသင်းတို့ နိုဝင်ဘာ လ ၂၁ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်

၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေ စစ်ပွဲအုပ်စုဒုတိယနေ့ကို နိုဝင်ဘာလ ၂၁ ရက်တွင် မြန်မာအသင်းက မြောက်ကိုရီးယားအသင်းနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ကာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီး မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြန်လည်ပြင်ဆင်လျက်ရှိပါတယ်။

မြန်မာအသင်းဟာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်းတို့နဲ့ အုပ်စုကျပ်အတွင်း ကျရောက်နေ ကာ ရမှတ်ရယူရေးအတွက် အိမ်ကွင်းပွဲတွေကို အားစိုက်အသုံးပြုရမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားအသင်းဟာ အုပ်စု ပထမပွဲအဖြစ် အဝေးကွင်းမှာ ဆီးရီးယားအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာ က ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြောက်ကိုရီးယားနဲ့ ဆီးရီးယား အသင်းတွေဆီက အမှတ်တွေ ရအောင် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။