ဂါဇာကမ္းေျမာင္တြင္ ထိန္းသိမ္းထားေသာ အစၥေရးဓားစာခံမ်ားကို လႊတ္ေပးရန္ လက္ရွိ အခ်ိန္အထိ သေဘာတူညီမႈ မရရွိေသးဟု အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု ေျပာၾကား

နိုဝင္ဘာ ၂၀

ဂါဇာကမ္းေျမာင္တြင္ ထိန္းသိမ္းထားေသာ အစၥေရးဓားစာခံမ်ားကို လႊတ္ေပးရန္ လက္ရွိအခ်ိန္အထိ သေဘာတူညီမႈ မရရွိေသးေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ယမန္ေန႔တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ဂါဇာတြင္ ထိန္းသိမ္းခံထားရေသာ ဓားစာခံ ၂၄၀ ခန႔္ကို ျပန္လႊတ္ေပးေရး သေဘာတူညီခ်က္ႏွင့္ ပတ္ သက္၍ မွားယြင္းေသာသတင္းမ်ားကို ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ျငင္းဆိုခဲ့ၿပီး ယင္း သို႔ သေဘာတူညီမႈ ရရွိခဲ့ပါက အစၥေရးျပည္သူမ်ားအား ခ်က္ခ်င္းအသိ ေပးမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အစၥေရး ျပည္သူအားလုံးသည္ ဓားစာခံမ်ား၏ မိသားစုဝင္မ်ားႏွင့္အတူ တစ္စိတ္တစ္ ဝမ္းတည္းရွိေၾကာင္းႏွင့္ ျပည္သူအခ်ိဳ႕သည္ တဲလ္အဗစ္ၿမိဳ႕မွ ေဂ်႐ုဆလင္သို႔ ငါးရက္ၾကာ ခ်ီတက္ကာဓားစာခံမ်ား လြတ္ေျမာက္ေရးအတြက္ ပိုမိုအားသြန္ခြန္စိုက္ ႀကိဳး ပမ္းလုပ္ေဆာင္ရန္ အစၥေရးအစိုးရကို တိုက္တြန္းလ်က္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ဆိုသည္။

ဓားစာခံမ်ား လြတ္ေျမာက္ေရးအတြက္ မည္ သို႔ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိ သလဲဆိုသည္ကို ရွင္းျပရန္အတြက္ လာမယ့္ရက္ပိုင္းအတြင္း အစိုး ရအဖြဲ႕ႏွင့္ ေတြ႕ဆုံရန္ မိသားစုကိုယ္စားလွယ္မ်ားကို ဖိတ္ၾကားထားေၾကာင္း ေနတန္ယာဟုက ေျပာ သည္။

စစ္ပြဲရပ္တန႔္ရန္ နိုင္ငံတကာဖိအားမ်ား ျမင့္တက္လ်က္ရွိေသာ္လည္း အစၥေရး တပ္မေတာ္ အေနျဖင့္ ဟားမတ္စ္အဖြဲ႕ကို စစ္ဆင္ႏႊဲမႈမ်ားဆက္လက္ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ကတိျပဳခဲ့သည္။

အစၥေရးတပ္ဖြဲ႕သည္ ဟားမတ္စ္အဖြဲ႕၏ အၾကမ္း ဖက္တိုက္ခိုက္မႈမ်ား အေပၚ လက္တုံ႔ျပန္သည့္အေန ျဖင့္ ေအာက္တိုဘာ ၇ ရက္မွစၿပီး ဂါဇာကမ္းေျမာင္ ေဒသ၌ စစ္ဆင္ႏႊဲမႈမ်ား ျပဳလုပ္လ်က္ရွိသည္။
Source: Xinhua

==================

ဂါဇာကမ်းမြောင်တွင် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံများကို လွှတ်ပေးရန် လက်ရှိ အချိန်အထိ သဘောတူညီမှု မရရှိသေးဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

နိုဝင်ဘာ ၂၀

ဂါဇာကမ်းမြောင်တွင် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံများကို လွှတ်ပေးရန် လက်ရှိအချိန်အထိ သဘောတူညီမှု မရရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံ ၂၄၀ ခန့်ကို ပြန်လွှတ်ပေးရေး သဘောတူညီချက်နှင့် ပတ် သက်၍ မှားယွင်းသောသတင်းများကို ဝန်ကြီးချုပ် နေတန်ယာဟုက ငြင်းဆိုခဲ့ပြီး ယင်း သို့ သဘောတူညီမှု ရရှိခဲ့ပါက အစ္စရေးပြည်သူများအား ချက်ချင်းအသိ ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

အစ္စရေး ပြည်သူအားလုံးသည် ဓားစာခံများ၏ မိသားစုဝင်များနှင့်အတူ တစ်စိတ်တစ် ဝမ်းတည်းရှိကြောင်းနှင့် ပြည်သူအချို့သည် တဲလ်အဗစ်မြို့မှ ဂျေရုဆလင်သို့ ငါးရက်ကြာ ချီတက်ကာဓားစာခံများ လွတ်မြောက်ရေးအတွက် ပိုမိုအားသွန်ခွန်စိုက် ကြိုး ပမ်းလုပ်ဆောင်ရန် အစ္စရေးအစိုးရကို တိုက်တွန်းလျက်ရှိကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဆိုသည်။

ဓားစာခံများ လွတ်မြောက်ရေးအတွက် မည် သို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိ သလဲဆိုသည်ကို ရှင်းပြရန်အတွက် လာမယ့်ရက်ပိုင်းအတွင်း အစိုး ရအဖွဲ့နှင့် တွေ့ဆုံရန် မိသားစုကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်း နေတန်ယာဟုက ပြော သည်။

စစ်ပွဲရပ်တန့်ရန် နိုင်ငံတကာဖိအားများ မြင့်တက်လျက်ရှိသော်လည်း အစ္စရေး တပ်မတော် အနေဖြင့် ဟားမတ်စ်အဖွဲ့ကို စစ်ဆင်နွှဲမှုများဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုခဲ့သည်။

အစ္စရေးတပ်ဖွဲ့သည် ဟားမတ်စ်အဖွဲ့၏ အကြမ်း ဖက်တိုက်ခိုက်မှုများ အပေါ် လက်တုံ့ပြန်သည့်အနေ ဖြင့် အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာကမ်းမြောင် ဒေသ၌ စစ်ဆင်နွှဲမှုများ ပြုလုပ်လျက်ရှိသည်။
Source: Xinhua