ယူကရိန်းအတွက် ကုလ အလှူခံ

ယူကရိန်းက လူ ၁၁ သန်းကျော်အတွက် ကျန်းမာရေး၊ နေအိမ်နဲ့ အစားအသောက် အကူအညီတွေ အပူတပြင်း လိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ရုရှားနဲ့ စစ်ဖြစ်တာ ဒုတိယနှစ်ထဲ ဝင်လာချိန်မှာ ကုလသမဂ္ဂ လူမှုကူညီရေးအဖွဲ့နဲ့ ဒုက္ခသည်များ မဟာမင်းကြီးရုံးတို့အတွက် အကူအညီပေးဖို့ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားလို အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတဲ့ ယူကရိန်း လေးသန်းကျော်ကို ထောက်ပံ့ပေးဖို့လည်း ငွေလိုနေပါတယ်။ စစ်ကြောင့် ဖြစ်တဲ့ အသေအပျောက်၊ ပျက်စီးမှုနဲ့ အခြေပျက်မှုမှာ ထိတ်လန့်စရာကောင်းအောင် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ဖိလစ်ပို ဂရန်ဒီက ဆိုပါတယ်။

နိုင်ငံစွန့်ခွာ ထွက်ပြေးနေရတဲ့ ယူကရိန်းက ၈ သန်းရှိနေပြီလို့ မှတ်တမ်းတွေအရ သိရပြီး ၄.၈ သန်းကတော့ ယာယီစောင့်ရှောက်မှု ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလို စောင့်ရှောက်ပေးနေတဲ့ နိုင်ငံ ၁ဝ နိုင်ငံကို ပိုပြီးထောက်ပံ့ဖို့ ဒီအကူအညီကို တောင်းခံတာလို့ မစ္စတာ ဂရန်ဒီက ပြောပါတယ်။ -Ref:BBC