အိုမီဂါ-၆ က အမျိုးအစား-၂ ဆီးချိုရောဂါကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

ကျန်းမာရေးနှင့်ညီသော အဆီဓာတ်တစ်မျိုးဖြစ်သည့် အိုမီဂါ- ၆ အက်စစ်များ ကြွယ်ဝစွာပါဝင်သော အစားအစာများ စားခြင်းဖြင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

လေ့လာမှုပေါင်း ၂၀ မှ အရွယ်ရောက်ပြီးသူ ၄၀,၀၀၀ ခန့်ကို လေ့လာရာတွင် သွေးထဲရှိ အိုမီဂါ-၆ အက်စစ် မြင့်မားစွာပါဝင်သူများသည် ယင်းအက်စစ်ဓာတ်နည်းသူများထက် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်က သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးသော အင်ဆူလင်ကို ထိရောက်စွာ အသုံးမချနိုင်တော့သည့် အချိန်၌ အမျိုး အစား-၂ ဆီးချိုရောဂါ ဖြစ်ပွားသည့် သရက်ရွက်က လုံလောက်သော အင်ဆူလင်ပမာဏကို မထုတ်လုပ်တော့လျှင်လည်း ယင်းရောဂါဖြစ်ပွားသည်။

အမျိုးအစား-၂ ဆီးချိုရောဂါကို ကာကွယ်ရေး ကျန်းမာရေးနှင့်အညီ စားသောက်ခြင်းသည် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်ကြောင်း သုတေသီများက ပြောသည်။

အိုမီဂါ-၆ ဖက်တီးအက်စစ်များသည် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး ဦးနှောက်လုပ်ဆောင်ချက်များကို အားကောင်း စေကာ အသားအရေနှင့် ဆံကေသာအတွက် အထောက်အကူပြုသည်။

ထို့အပြင် ဇီဝဖြစ်ပျက်မှုကို ထိန်းညှိရန် အထောက်အကူပြုပြီး အရိုးကျန်းမာရေးအတွက် ကောင်းမွန်သည်။

ခန္ဓာကိုယ်က အိုမီဂါ-၆ မထုတ်လုပ်နိုင်သဖြင့် ပဲပိစပ်အဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီနှင့် အချို့သော အစေ့အဆန်များ အပါအဝင် အချို့သော အစားအစာများ စားပေးခြင်းဖြင့် ယင်းအက်စစ်များ ရရှိနိုင်သည်။

—Ref: MNT