ညောင်ရွှေပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ညောင်ရွှေမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ရှေ့လုပ်ငန်းစဥ်များ ရက် (၉၀)စီမံချက် ဆောင်ရွက်နိင်ရန်အတွက်  ညှိနှိုင်း အစည်းအဝေးကို မြိုနယ်အတွင်းရေးမှူး၏အိမ်တွင်ပြုလုပ်ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဥက္ကဋ္ဌ လမ်းညွန် ချက်ပါ  ပါတီဝင်အင်အားစည်းရုံးရာတွင်လက်ရှိအခြေအနေအရ ဦးစားပေးဆောင်ရွက်သင့်သော အခြေအနေ (၄)ချက်၊ စုဆောင်းရမည့်ပါတီဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာနေသူများ၊  မိသားစုဝင်များ  အားစည်းရုံးခြင်း များအပါအဝင် ရက်(၉၀)စီမံချက်ပါ  ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား ရှင်ပြခြင်းအပြန်အလှန် ဆွေးနွေးခြင်း

ဦးစားပေးနယ်ပယ် (၈)ရပ်ဖြစ်သည့် လယ်သမားကဏ္ဍ၊   အလုပ်သမားကဏ္ဍ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ၊ လူငယ် ကဏ္ဍ၊   အမျိုးသမီးရေးရာကဏ္ဍ၊   မီဒီယာကဏ္ဍ၊  ပညာရေးကဏ္ဍ၊    စည်းရုံးရေးကဏ္ဍများအား အထူး ဦးစားပေး ဆောင်ရွက်ရန်တို့ကိုဆွေးနွေးခဲ့ကြပါသည်။