သန်လျင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ သြဂုတ်လ ( ၉ ) ရက် နံနက် ( ၉ : ၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ သည်။

အစည်းအဝေးသို့ တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးကျော်မင်း၊ မြို့နယ် အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်ကော်မတီဝင်များနှင့် လူငယ် အဖွဲ့များ ရပ်ကွက်/ကျေးရွာ (၄၅) ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံး ရေးမှူးများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါ သည်။

USDP သန်လျင်