ပါတီ ဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ဟင်္သာတမြို့နယ် အဝိုင်းကျောင်းစုအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်ကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးခင်ဦးနှင့်မြို့နယ်ကော်မတီဝင် များ၊ ရပ်/ကျေးအမှုဆောင်များနှင့် အမာခံအင်အား ၃ဝ ဖြင့် ပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖျန်း၍ အသစ်ပြန်လည်စိုက်ထူခဲ့ ကြောင်းသိရသည်။

ဌေးဝင်း(ဟင်္သာတ)


ကမာရွတ်ပြည်ခိုင်ဖြိုးပါတီဝင်အင်အားစိစစ်ခြင်း ပါတီဝင်ကြေးကောက်ခံပြီးစီးမှု ညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး ကမာ ရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီ ဝင်ကြေးကောက်ခံခြင်း၊ ပါတီဝင် သစ်များစည်းရုံးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကမာရွတ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်ကျင်းပရာ ကမာ ရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များ တက်ရောက်ကြပြီး တက်ရောက် လာသည့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်/စည်းအမှုဆောင်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးကြကာ မြို့ နယ်ပါတီဥက္ကဋ္ဌက ကျန်ရှိနေသည့် ဆောင်ရွက်ရန်ကိစ္စများကို ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၁ . ၅ . ၂၀၁၇ ရက်​​နေ့တွင်​ ပဲခူးတိုင်း​ဒေသကြီး(အ​နောက်​ပိုင်း) ပြည်​​ထောင်​စုကြံ့ခိုင်​​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ ​တွေ့ဆုံပွဲ အခမ်းအနားအား ပါတီဌာနချုပ်​ မှ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ တို့တက်​​ရောက်​​ဆွေး​နွေးခဲ့ကြပြီး ၄င်းအခမ်းအနားသို့ ပဲခူးတိုင်း​ဒေသကြီး ဒုတိယဥက္ကဌ ဦး​အောင်​ချိုဦး နှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ခရိုင်​ ၊ မြို့နယ်​များမှ အမျိုးသမီး​ရေးရာတာဝန်​ခံများ ၊ ​ကောမတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။ #Duwon


မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မှ ကျင်းပ​သော ၀ိဿာခါ ရှင်​ ၁၀၈ ပါး အလှူ​တော်​မင်္ဂလာပွဲအား ပါတီဌာနချုပ်​မှ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ နှင့်​ အဖွဲ့ဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။


ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ မန္တလေးခရိုင်ပါတီ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် မန္တလေးခရိုင် ပြည် ခိုင်ဖြိုးပါတီတို့မှအမျိုးသမီးရေးရာ တာဝန်ရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်သည် ယခုလ ၁၈ရက် ညနေ ၅ နာရီက တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ပါတီအတွင်းအမျိုးသမီး များကဏ္ဍတိုးတက်မြင့်မားလာစေ ရေးကိစ္စရပ်များကို ဆွေးနွေးမှာ ကြားခဲ့သည်။

(more…)


ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ စာပေဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စာပေဝါသနာရှင်များနှင့် ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီက စာပေဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူးဦးဆွေဦးနှင့် နယ်မြေတာဝန်ခံများ၊ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များမှ စာပေဝါသနာရှင် ပြည်သူအင်အား ၃၅ဝ တက်ရောက်ကြသည်။

ထို့နောက် စာရေးဆရာတက္ကသိုလ်ဆရာမြတ်သူ၏ကိုယ်ရေးရာဇဝင် အကျဉ်းနှင့် ဆရာမောင်စေတနာြ.ဗယြ.နိ တို့၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်းက ဖတ်ကြားသည်။

နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ သီပေါတွင်ကျင်းပ

၂ဝ၁၇ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သီပေါမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့်မြို့နယ် အား/ကာ ကော်မတီတို့ ပူးပေါင်းကျင်းပသော မီနီ မာရသွန်ပြိုင်ပွဲကို သီပေါမြို့ တွင် ယခုလ ၁၂ ရက် နံနက်က ကျင်းပရာ ပြိုင်ပွဲဝင်အားကစား သမားစုစုပေါင်း ၈၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မီနီမာရသွန်ပြိုင်ပွဲကို သီပေါ မြို့မှ ၁ဝ မိုင်ခန့် ကွာဝေးသော ကျင်သီ တံတားမှ စတင်တာလွှတ် ကာ သီပေါမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပန်းဝင်ခဲ့ ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတခရိုင်မြို့နယ်များမှပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးသည် ယခုလ ၁၁ရက် ညနေပိုင်းတွင် ဟင်္သာတ ခရိုင်/မြို့နယ်များမှ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၈ဝ ကို ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦးက မိမိတို့သည် ပါတီဝင်များဖြစ်ကြ၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုး အတွက် မိမိတတ်နိုင်သည့်ဘက် ကဆောင်ရွက်ရန်လိုကြောင်း၊ချမှတ် ထားသောရည်မှန်းချက်များ အောင် မြင်ရန်ဆောင်ရွက်ရာတွင် နည်း လမ်းပေါင်းများစွာရှိပြီးယင်းအထဲမှ အကောင်းဆုံးနည်းလမ်းကိုရွေးချယ် နိုင်ရန်လိုကြောင်း၊ ထိုသို့ရွေးချယ် နိုင်ရန်စုပေါင်းတိုင်ပင်၊စုပေါင်းဆွေး နွေးမှုများသာမကရပ်ကွက်အကျိုး ကို အမှန်တကယ်လိုလားသည့် ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာရန်လိုကြောင်း၊ပြည်သူများ နှင့် တစ်သားတည်းရှိပြီး ပြည်သူ များနှင့်အတူ ဆောင်ရွက်ကြရန်လို အပ်ကြောင်း၊ မိမိပါတီဝင်အင်အား ခိုင် ခိုင်မာမာရှိရန်လိုအပ်ကြောင်း၊ ပါတီဝင်တိုင်းသည်ပါတီ၏ရည်မှန်း ချက်ကို အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊မိမိတို့ပါတီ၏ရည်မှန်းချက် မှာ နယ်မြေတိုင်းတည်ငြိမ်အေးချမ်း မှုရှိစေရန်နှင့် ပြည်သူများ၏ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ပါတီဝင်တစ်ဦးဖြစ်၍ ပါတီမှနိုင်ငံ တော်နှင့် ပြည်သူအကျိုးအတွက် ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန် ချက်များအားပါတီဝင်များနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော် သွားမည်ဖြစ်သကဲ့သို့ ဟင်္သာတ သားတစ်ဦးဖြစ်၍ ဟင်္သာတနယ် မြေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ် သက်၍ ယခင်ကလည်းဆောင် ရွက်သလို ယခုလည်း ဆောင်ရွက် လျက်ရှိပြီး နောင်ကိုလည်း နယ် မြေနှင့် ပြည်သူအကျိုးကိုလိုလား သူများနှင့်လက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာ သည့် ရပ်/ကျေးစည်းရုံးရေးမှူး များက လုပ်ငန်းများလက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပြီး ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး က လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ဖြင့် ဆောင်ရွက် ရသလို အများဖြင့် ဆောင်ရွက်ရမှု များလည်းရှိကြောင်း၊ မိမိတို့ ပါတီ ဝင်များသည် ယနေ့ကျင့်သုံးနေ သော ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းကိုရအောင်၊ ရောက် အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ရပြီးဖြစ်သော ပါတီစုံဒီမိုကရေစီ ကျင့်စဉ် ပိုမိုရှင်သန်ခိုင်မာစေပြီး နယ်မြေနှင့် နယ်မြေလူထုအကျိုး အတွက် ပိုမိုသယ်ပိုး ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုကြောင်း မှာ ကြားပြီး တွေ့ဆုံပွဲအား ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

မျက်စိဝေဒနာရှင် မသီတာလှိုင်အား မျက်စိရောဂါကုသနိုင်ရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ကူညီထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိစဉ် ပုသိမ်မြို့ မင်းကုန်းကြီးကျေးရွာမှ မသီတာလှိုင် လာရောက်တွေ့ဆုံသည်။ မသီတာ လှိုင်သည် ယာဘက်မျက်ခုံးတွင် မျက်လုံးကိုဖုံးနေသောအသားပိုအား ၂ဝ၁၆ ခုနှစ်တွင် ခွဲစိတ်ဖယ်ရှားခဲ့ပြီး အသားပိုမရှိချိန်တွင် မျက်စိမှာ မြင်ရကြောင်း၊ ယခုထပ်မံ၍ ကုသနိုင်ရေးအတွက် အကူအညီတောင်းခံ ခြင်းဖြစ်ကြောင်း သိရသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦးက မသီတာလှိုင်အား ရန်ကုန် ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံကြီးသို့ သွားရောက်ကုသနိုင်ရေး အတွက် လိုအပ်သည်များဖြည့်ဆည်းပေးပြီး လသာပြည်ခိုင်ဖြိုးမှ ကူညီ စောင့်ရှောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။