မန္တလေးတိုင်းဒေသကြီးနှင့်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ရှိသူများနှင့် ပါတီဗဟိုအတွင်းရေးမှူးတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် မန္တလေးခရိုင် ပြည် ခိုင်ဖြိုးပါတီတို့မှအမျိုးသမီးရေးရာ တာဝန်ရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်သည် ယခုလ ၁၈ရက် ညနေ ၅ နာရီက တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ပါတီအတွင်းအမျိုးသမီး များကဏ္ဍတိုးတက်မြင့်မားလာစေ ရေးကိစ္စရပ်များကို ဆွေးနွေးမှာ ကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာသို့ ပြည်ခိုင် ဖြိုးပါတီဗဟိုအတွင်းရေးမှူး(အမျိုး သမီးရေးရာတာဝန်ခံ)ဒေါက်တာ စန်းစန်းနွယ်နှင့်အတူ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဗဟို ကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးပါတီအတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင်(အမျိုးသမီး ကဏ္ဍတာဝန်ခံ) ဒေါ်လှလှအေး နှင့်တိုင်းဒေသကြီးပါတီ ကော်မတီ ဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်နှင်မြို့နယ်ပါတီ ကော်မတီဝင် (အမျိုးသမီးကဏ္ဍ တာဝန်ခံ)များ စုစုပေါင်း အင်အား ၃ဝ ခန့်တက်ရောက်၍ မန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တိုင်းဒေသကြီးအတွင်း နေထိုင်သော အမျိုးသမီးများနှင့် ပါတီဝင်အမျိုးသမီးများ၏ အခန်း ကဏ္ဍမြင့်မားတိုးတက်လာစေရေး နှင့်ပတ်သက်သော ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်း ရေးမှူး (အမျိုးသမီးရေးရာတာ ဝန်ခံ)ဒေါက်တာ စန်းစန်းနွယ်က မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ မှ အမျိုးသမီးရေးရာကဏ္ဍ တာ ဝန်ခံများအား ပြည်ခိုင်ဖြိုးပါတီ အတွင်း အမျိုးသမီးများနှင့်သက် ဆိုင်သော အခန်းကဏ္ဍများအား ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမျိုးသမီးများ ပါဝင်ဖွဲ့စည်းထား ရှိမှုအခြေအနေ၊ အမျိုးသမီးများ အတွက်ရည်ရွယ်၍ ပါတီမှအသက် မွေးဝမ်းကျောင်းလုပ်ငန်း သင် တန်းများဖွင့်လှစ်ထားရှိမှု၊ ပါတီ၏ အမျိုးသမီးများကဏ္ဍနှင့်ပတ်သက် ၍ ရှေ့ဆက်သွားမည့် မူဝါဒများ၊ လမ်းစဉ်များနှင့်ပတ်သက်သော ကိစ္စများကို အကျယ်တဝင့်ဆွေး နွေးမှာကြားခဲ့ကာ အစည်းအဝေး သို့တက်ရောက်လာသော အမျိုး သမီးကဏ္ဍတာဝန်ခံများကလည်း ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

သုတ