ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတခရိုင်မြို့နယ်များမှပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးသည် ယခုလ ၁၁ရက် ညနေပိုင်းတွင် ဟင်္သာတ ခရိုင်/မြို့နယ်များမှ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၈ဝ ကို ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦးက မိမိတို့သည် ပါတီဝင်များဖြစ်ကြ၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုး အတွက် မိမိတတ်နိုင်သည့်ဘက် ကဆောင်ရွက်ရန်လိုကြောင်း၊ချမှတ် ထားသောရည်မှန်းချက်များ အောင် မြင်ရန်ဆောင်ရွက်ရာတွင် နည်း လမ်းပေါင်းများစွာရှိပြီးယင်းအထဲမှ အကောင်းဆုံးနည်းလမ်းကိုရွေးချယ် နိုင်ရန်လိုကြောင်း၊ ထိုသို့ရွေးချယ် နိုင်ရန်စုပေါင်းတိုင်ပင်၊စုပေါင်းဆွေး နွေးမှုများသာမကရပ်ကွက်အကျိုး ကို အမှန်တကယ်လိုလားသည့် ရပ်မိရပ်ဖများနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာရန်လိုကြောင်း၊ပြည်သူများ နှင့် တစ်သားတည်းရှိပြီး ပြည်သူ များနှင့်အတူ ဆောင်ရွက်ကြရန်လို အပ်ကြောင်း၊ မိမိပါတီဝင်အင်အား ခိုင် ခိုင်မာမာရှိရန်လိုအပ်ကြောင်း၊ ပါတီဝင်တိုင်းသည်ပါတီ၏ရည်မှန်း ချက်ကို အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊မိမိတို့ပါတီ၏ရည်မှန်းချက် မှာ နယ်မြေတိုင်းတည်ငြိမ်အေးချမ်း မှုရှိစေရန်နှင့် ပြည်သူများ၏ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ပါတီဝင်တစ်ဦးဖြစ်၍ ပါတီမှနိုင်ငံ တော်နှင့် ပြည်သူအကျိုးအတွက် ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန် ချက်များအားပါတီဝင်များနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော် သွားမည်ဖြစ်သကဲ့သို့ ဟင်္သာတ သားတစ်ဦးဖြစ်၍ ဟင်္သာတနယ် မြေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ် သက်၍ ယခင်ကလည်းဆောင် ရွက်သလို ယခုလည်း ဆောင်ရွက် လျက်ရှိပြီး နောင်ကိုလည်း နယ် မြေနှင့် ပြည်သူအကျိုးကိုလိုလား သူများနှင့်လက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာ သည့် ရပ်/ကျေးစည်းရုံးရေးမှူး များက လုပ်ငန်းများလက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပြီး ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး က လုပ်ငန်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ဖြင့် ဆောင်ရွက် ရသလို အများဖြင့် ဆောင်ရွက်ရမှု များလည်းရှိကြောင်း၊ မိမိတို့ ပါတီ ဝင်များသည် ယနေ့ကျင့်သုံးနေ သော ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းကိုရအောင်၊ ရောက် အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ရပြီးဖြစ်သော ပါတီစုံဒီမိုကရေစီ ကျင့်စဉ် ပိုမိုရှင်သန်ခိုင်မာစေပြီး နယ်မြေနှင့် နယ်မြေလူထုအကျိုး အတွက် ပိုမိုသယ်ပိုး ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုကြောင်း မှာ ကြားပြီး တွေ့ဆုံပွဲအား ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

Union daily