နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ သီပေါတွင်ကျင်းပ

၂ဝ၁၇ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သီပေါမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့်မြို့နယ် အား/ကာ ကော်မတီတို့ ပူးပေါင်းကျင်းပသော မီနီ မာရသွန်ပြိုင်ပွဲကို သီပေါမြို့ တွင် ယခုလ ၁၂ ရက် နံနက်က ကျင်းပရာ ပြိုင်ပွဲဝင်အားကစား သမားစုစုပေါင်း ၈၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မီနီမာရသွန်ပြိုင်ပွဲကို သီပေါ မြို့မှ ၁ဝ မိုင်ခန့် ကွာဝေးသော ကျင်သီ တံတားမှ စတင်တာလွှတ် ကာ သီပေါမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပန်းဝင်ခဲ့ ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်များအား ပထမဆု အဖြစ်မော်တော်ဆိုင်ကယ်၊ ဒုတိယ ဆုအဖြစ် ရေခဲသေတ္တာ၊ တတိယဆု အဖြစ် ရေပူရေအေးစက်အပြင် အခြားဆုမဲများ သာမက ပန်းဝင်သူ အားလုံးကိုပါဂုဏ်ပြုဆုများ ချီးမြှင့် ခဲ့ကြောင်းသိရ သည်။

ပြိုင်ပွဲဝင်များ လုံခြုံချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သီပေါ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကာ ပြည်သူ့ဆေး ရုံနှင့် သူနာပြုတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်လူမှုရေးအသင်းအဖွဲ့များကလည်း
အရေးပေါ်ကူညီရေး ယာဉ်များဖြင့် ပါဝင်ကူညီဆောင် ရွက်ပေးခဲ့ကြသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်စိုးထက်(အနောက်ရပ်ကွက်) အား ပြည်ခိုင်ဖြိုးပါတီမှ ဆိုင်ကယ် တစ်စီးနှင့် ဒေါက်တာဦးဖေခင်နှင့် မခင်နှင်းဆီ (တော်ဝင်နှင်းဆီ) မိသားစုမှ ဂုဏ်ပြုဆုငွေကျပ်တစ်သိန်း၊ ဒုတိယ ရရှိသူမောင်အောင်သက်ခိုင် မိုး(ဈေးရပ်ကွက်)အားရေခဲသေတ္တာ နှင့်တတိယရရှိသူ စိုင်းတင်ကို (ပန်းတိမ်မြောက်ရပ်ကွက်) အား ရေပူ ရေအေးစက် ချီးမြှင့်ခဲ့သည်။

မီနီမာရသွန်ပြိုင်ပွဲတွင် တစ်ဦး တည်းသောအမျိုးသမီးပြိုင်ပွဲဝင်ဖြစ် သည့် နန်းလောဝ်နှင့် အသက်(၆၆) နှစ်အရွယ်ရှိပြီဖြစ်ကာနောက်ဆုံးပန်း ဝင်ခဲ့ သည့် ဦးစိုင်းလှကျော်တို့ကိုလည်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်အောင်က အထူးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။