ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နောက်တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကိုကိုက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲမှာ ကျ ပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲတို့ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များက ပါဝင် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲအလိုက် ဆုရရှိသူများကို ပြိုင်ပွဲအပြီး ညနေ ၄ နာရီတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ၊ခရိုင်ပါတီဥက္ကဋ္ဌဦးကျော်တင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကိုကို၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များက ဆုများအသီးသီးချီးမြှင့် ပေးအပ်ပြီး အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးများအား အမှတ်တရ လက်ဆောင် များ ပေးအပ် ကြောင်း သိရသည်။

အခမ်းအနားသို့ ငါန်းဇွန်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရပ်ကွက်/ကျေးရွာ အုပ်စုပါတီဝင်များနှင့်မြို့မိမြို့ဖများ စုစုပေါင်း ၁၂၂ ဦးတက်ရောက် ကြောင်းသိရသည်။

သက်နောင်ဦ