တောင်ဥက္ကလာပပြည်ခိုင်ဖြိုးmaskလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အမှတ် ၉ ရပ်ကွက် ကျော်သူလမ်း ဓမ္မာရုံတွင် မွန်းလွဲ ၁ နာရီက မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊MCWA အသင်းမှ တာဝန် ရှိသူများပူးပေါင်း အဖွဲ့သည် H1N1 ရောဂါကြိုတင် ကာကွယ်ပုံများ၊ နှာခေါင်းစည်း mask များ စနစ် တကျ အသုံးပြုပုံနှင့် စနစ်တကျလက်ဆေးပုံများကို လက်တွေ့သရုပ်ပြ ဟောပြော သည်။ ထို့နောက်mask များနှင့်လက်ကမ်း စာစောင်များ၊ ဆပ်ပြာများကို လှူဒါန်းကြသည်။

အခမ်းအနားသို့ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိန်ဝင်းနိုင်