ပြည်ခိုင်ဖြိုးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မွန် သြဂုတ်(၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းသည် ၂၀၁၇ခုနှစ် သြဂုတ်လ (၈) ရက်နေ့ နံနက် (၀၈း၃၀) ချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရှေ့ဦးစွာ(၁၀)မြို့နယ်မှ ပါတီဥက္ကဌများမှ မိမိမြို့နယ်ပါတီရဲ့ လုပ်ဆောင်ချက်များ၊ ရေးရာလှုပ်ရှားမှုများ၊ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ နှင့် ခရိုင်(၂)ခုမှ ဥက္ကဌများမှ မိမိတို့ ခရိုင်အတွင်းပါတီလှုပ်ရှားမှုများ၊ ရေးရာလှုပ်ရှားမှုများအား တင်ပြဆွေးနွေးခဲ့ပြီး ပြည်နယ်ပါတီမှ ကော်မတီ ဝင်များက မိမိတို့ရဲ့ရေးရာကော်မတီအလိုက် ဆောင်ရွက်ထားမှုအခြေအနေ များ၊ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများအား တင်ပြ ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြည်နယ်ပါတီကိုယ်စား ပါတီရဲ့လုပ်ဆောင်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်နယ်ပါတီရဲ့ ပကတိအခြေအနေများ၊ ရေးရာအလိုက် အားသာချက်၊ အားနည်းချက်များအား တင်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း မှ လမ်းညွန်အမှာစကားပြောကြားရာတွင် ရေးရာအဖွဲ့ဝင်များ ပေါင်းစပ် လုပ်ကြရန်၊ ကော်မတီဝင်များအားလုံး လက်တွေ့ကျကျ စည်းစည်းလုံးလုံး၊ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး၊ မြို့နယ်ပါတီရဲ့ မေးမြန်းချက်များ အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲကို မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော် ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ(၂)ခုမှ ဥက္ကဌများ၊ ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီဥက္ကဌများ၊ မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ(၁၂း၁၅)နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးမြှောက်ခဲ့သည်။

#naylinnhtun