ပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

နောင်ချိုမြို့နယ် လုံရုံးအုပ်စု၊ အုမ္မခါးအုပ်စု၊ ဆမ္မဆယ်အုပ်စု၊ သုံးဆယ်အုပ်စုတို့တွင် ယနေ့နံနက် ပိုင်းက ကျေးရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ်တင်ပွဲများ ဆက် တိုက်ကျင်းပရာ ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးမှူး ဦးခင်မောင်ချို နှင့်အဖွဲ့၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန် ကြီး၊ အတွင်းရေးမှူး ဦးကျော်မြင့် နိုင်၊ ပါတီကော်မတီဝင်များဖြစ်ကြ သည့် ဦးတင်အောင်ဝင်း၊ ဦးညွန့် ဝင်း၊ ဦးသိန်းထွန်းဦး၊ ဦးကျော် လှိုင်၊ ဦးမျိုးနိုင်၊ ဦးမြင့်သန်းနှင့် ပါတီအရန်ကော်မတီဝင်များ၊ ရပ် ကွက်/အုပ်စုအသီးသီးမှ ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖ များနှင့် အသင်းအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလု

 

(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊

သီ​ပေါတွင်​ ပါတီဆိုင်းဘုတ်​တင်ခြင်းနှင့်​ ၀ါဆိုသင်္ကန်း ကပ်​လှူ

 

သီ​ပေါ သြဂုတ်​ ၆.
ရှမ်း/​မြောက်​ ​ကျောက်​မဲခရိုင်​ သီ​ပေါမြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဆိုင်းဘုတ်​တင်​ အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်​အလှူ ​တော်​မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ ​နေ့ နံနက်​ ၀၈း၅၅ အချိန်​တွင်​ စတင်​ကျင်းပရာ ရှေးဦးစွာ မြို့နယ်​ပါတီဆိုင်းဘုတ်​ကို မြို့နယ်​ဥက္ကဌ ဦး​ဆောင်​​သောမြို့နယ်​​ကော်​မတီများနှင့် ရပ်​ကျေးပါတီအဖွဲ့ဝင်​များ လူငယ်​အဖွဲ့များ စု​ပေါင်းသယ်​​ဆောင်​၍ သတ်​မှတ်​​နေရာ၌ တပ်​ဆင်​​ပေးခဲ့ကြပါသည်​။

သီ​ပေါမြို့ ဖြိုး​စေတနာရှင်​အဖွဲ့ လူမှု​ရေး​ထောက်​ပံ့ကူညီ

 

ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။

ယ​မန်နေ့ မနက်​ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင် လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

မဘိမ်း၊ သြဂုတ် ၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ခြင်းနှင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား ကျင်းပသည့် နံနက် ၉ နာရီတွင် ပါတီအလံသစ်ကို လွှင့်တင်ခဲ့ကြသည်။

ကွတ်ခိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား နှမ့်ဖက်ကာကျေးရွာအုပ်စုတာဝန်ခံနှင့်အဖွဲ့ ဂွန်နန့်ကျေးရွာ မူလတန်းကျောင်းရှိ ကျောင်းသား/သူများအား ဗလာစာအုပ်များ ပေးအပ်လှူဒါန်း

 

ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား နမ့်ဖတ်ကာကျေးရွာအုပ်စု ဂွင်တာဝန်ခံ ဦးမင်ဘာနှင့်ကော်မတီဝင်များသည် (၂ -၈-၂၀၁၈) ရက်နေ့ နံနက် (၁၁း၃၀) အချိန်၌ ဟိုပုံစုစည်းကျေးရွာ ၊ ဂွန်နန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသူ/သား (၁၂၀) ဦး အား ကျောင်းသုံး ဗလာစာအုပ် (၆၀) ဒါဇင်ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အောင်မြေလီဆူးကျေးရွာ (အ.မ.က) ကျောင်း ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

 

၁.၈.၂၀၁၈ ရက်နေ့ ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပါတီဥက္ကဌ. ​ဒေါ်နန်းခင်​မြင့်ဌေးနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​ (၁၂) ဦး အဖွဲ့သည်​ ​နေ့လည်​ (၁) နာရီတွင်​ သစ်​ဆိမ့်ကုန်းအုပ်​စု ​အောင်​​မြေလီဆူး​ကျေးရွာ (အ.မ.က) ​ကျောင်းသို့ သွား​ရောက်​ပြီး ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့် အဖွဲ့ဝင်​များ၊ ​ကျေးရွာပါတီဥက္ကဌတို့နှင့် တွေ့ဆုံ​၍ ​ကျေးရွာအတွက်​ လိုအပ်​ချက်​များ ​မေးမြန်း​ဆွေး​နွေးခဲ့ကြပြီး ​ကျောင်းသား/သူ (၆၆)ဦးတို့အား ​ကျောင်းသုံးဗလာစာအုပ်​များ ခဲတံများ ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။ ဆက်​လက်​၍ ​ကျောင်းအုပ်​ဆရာမကြီးနှင့် ဆရာ/မ များနှင့်လည်း ​တွေ့ဆုံ​၍ ​ကျောင်းအတွက်​ လိုအပ်​ချက်​များ ​မေးမြန်းခဲ့ကြပြီး စား​သောက်​ဖွယ်​ရာများ လှူဒါန်းခဲ့​ကြပါသည်။

လဝါကျေးရွာစုပေါင်းဝါဆိုသင်္ကန်းလှူဒါန်း ပြည်ခိုင်ဖြိုးပါတီမှပါဝင်လှူဒါန်းမှုပြု

 

မဘိမ်း ဇူလိုင် ၃ဝ

မဘိမ်းမြို့နယ် လဝါကျေးရွာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်း ရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးသန်းမြတ်စိုး၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းချစ်၊ လဝါကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရှိ သင်္ကန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်​နှစ်​ တက္ကသိုလ်​ဝင်စာ​မေးပွဲတွင်​ ထူးချွန်​စွာ​ အောင်​မြင်သော ​ကျောင်းသား​ကျောင်းသူနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား

 

ယနေ့ (18-7-2018)(0930) အချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြည်ည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်​နှစ်​ တက္ကသိုလ်​ဝင်တမ်းစာ​မေးပွဲတွင်​ ထူးချွန်​စွာ​ အောင်​မြင်​​ခဲ့ကြသည့် ​ကျောင်းသား​ကျောင်းသူ (၃၂) ဦးနှင့်​ အနှစ်နာခံ ကြိုးစားအားထုတ် ကြိုးပမ်းသင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမ (၁၈) ဦး တို့ကို ဂုဏ်​ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကော်မတီဝင်များ စည်းရုံးရေးမှူးများ ကျောင်းသားမိဘနှင့်ဆရာ/မများ စုစုပေါင်းအင်အား (90)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။