လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀
လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀
အောက်တိုဘာ ၇
နေ့လည် (၁း၂၀) တွင် ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်. ရပ်/ကျေးပါတီဥက္ကဌများ (၁၃) ဦးတို့ နှင့် အတူ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု နဘူးကျေးရွာသို့ သွားရောက်၍ ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင် စီစစ်ခြင်း လုပ်ငန်းများ ပါတီဝင်အသစ်များ ရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရှေးဦးစွာ နဘူးဘုန်းတော်ကြီး ကျောင်းဆရာတော်အား ပူဇော်ကန်တော့ခဲ့ကြပြီး ကျေးရွာပါတီဝင်များနှင့် ကျေးရွာအတွက် လိုအပ်ချက် တင်ပြချက် များအား ဆွေးနွေးမေးမြန်းညှိနှိုင်းခဲ့ကြပါသည်။ ပါတီဝင် အသစ်များ ရရှိရေးအတွက် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီ၏ ယခု ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက် နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း တင်ပြအပ်ပါသည်။
လားရှိုး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ရုံးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ပါတီ ဒုဥက္ကဋ္ဌဦးအောင်သူနှင့် ကော်မတီဝင်များ၊ လားရှိုးခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့် အမျိုးသမီး ရေးရာအဖွဲ့များ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များနှင့်ရပ်ကွက်ကျေးရွာများမှ အမျိုးသမီးကိုယ် စားလှယ်များ စုစုပေါင်းအင်အား ၁၃ဝ ကျော်တက်ရောက်ကြသည်။
မဘိမ်းအောက်တိုဘာ ၂
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးတိုးမြင့် အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၈နာရီက ကုန်းမခံ ကျေးရွာသို့သွားရောက်ပြီး အမျိုး သားဘောလုံးအသင်းနှင့်အမျိုး သမီးဘောလုံးအသင်းများအား ဂိုးတိုင်၊ ဂိုးပိုက်နှင့်ဘောလုံးများ အားလည်းကောင်း၊ နမ့်ပုံးပုံးရပ် ကွက်ဘောလုံးအသင်းအား ဘော လုံးများကိုလည်းကောင်းလှူဒါန်း ကြရာ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ နှင့် အမျိုးသား အမျိုးသမီးဘော လုံးအသင်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
လားရှိုး စက်တင်ဘာ ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံကို ကြိုဆိုထောက်ခံ သောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်း၊သန့်ရှင်း ရေးလုပ်အား ပေးခြင်းများဆောင် ရွက်ကြကြောင်း သိရသည်။
မဘိမ်း ၂၇-၉-၂၀၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာစုပေါင်း ပေးအပ်ပွဲကိုယနေ့(၂၇.၉.၂၀၁၈) မဘိမ်းပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ပြည်နယ်ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော်၊ပြည်နယ်ကော်မတီဝင်ဒေါက်တာမောင်သီ၊ ကျောက်မဲခရိုင်ဥက္ကဌဦးဝင်းမြင့်၊မိုးမိတ်ခရိုင်ဥက္ကဌဦးစိုးမြင့်၊ မိုးခရိုင်အတွင်းရေးမှူးဦးမြင့်လှိုင်၊မဘိမ်းပါတီဥက္ကဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်ပါတီဝင်များစုစုပေါင်း(၃၅၀)တက်ရောက်ခဲ့ကြပါသည်။
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်သူစုစုပေါင်းမှာ
(၂၈၀)ဦးဖြစ်ပြီးမဘိမ်းပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဇော်လွင်မှ ပါတီဝင်နှစ်စဉ်ကြေး(၂၈၀၀၀၀)ကျပ်ကိုပေးအပ်ရာ
ပြည်နယ်ဘဏဏ္ဍာရေးမှူးမှလက်ခံရယူပါသည်။
ဆက်လက်၍ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်းနှင့်ပြည်နယ်ဘဏ္ဍာရေးမှူးတို့မှအလှူငွေများပြန်လည်လှူဒါန်းခဲ့ကြပြီး ပါတီဝင်အသစ်များအားပါတီရင်ထိုးတံဆိပ်များတပ်ဆင်ပေးကာ မဘိမ်းမြို့နယ်ပါတီအဆိုပြုလွှာပေးအပ်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ ကြောင်းသိရှိရပါသည်။
သန္နီ စက်တင်ဘာ ၂၃
သိန္နီမြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းစံအေးနှင့် မြို့နယ်ပါတီ ကော်မတီဝင် များ၊ရုံးအဖွဲ့များ၊ စည်းမှူးများသည် ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ဥယျာဉ်မှူးကျေးရွာ အုပ်စု အမက မန်စပ်ကျောင်းရှိ ကျောင်းသား ၃၃ ယောက်နှင့် ဆရာများအား ရှမ်းပြည်အစိုးရ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းလှူဒါန်းလာသော စာရေးကိရိယာ များကိုသွားရောက်လှူဒါန်းခဲ့ကြောင်း၊ သိန္နီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကကျောင်းသားကျောင်းသူများအား အာဟာရဖြည့်စွက်စာဖြစ်သော ထမင်းကြော် ဖြင့်ကျွေးမွေး အလှူဒါနပြုခဲ့ကြောင်း သိရသည်။
မဘိမ်း စက်တင်ဘာ ၁၁
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မဘိမ်းမြို့နယ်ပါတီရုံး၌ ကျင်းပရာ မိုးမိတ်ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးရွာပါတီဥက္ကဋ္ဌများ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပါတီအောင်နိုင်ရေး၊ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးမိတ် စက်တင်ဘာ ၆
မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် ခရိုင်ဘဏ္ဍာရေးမှူး ဦးစောဦး၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးတိုးတို့နှင့်အတူ ယမန်နေ့က လက်ခုတ်ပင် ကျေးရွာသို့သွားရောက်ပြီး အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ရေပူအင်းကျောင်း အဆင့်တိုးမြှင့်ရေးကိစ္စ ညှိနှိုင်းဆွေးနွေး ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါ စက်တင်ဘာ ၆
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လပတ်အစည်းအဝေးနှင့် အမျိုး သမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က (၂ဝ၂ဝ) အောင်နိုင်ရေးကို ဦးထိပ်ထားပြီး ဆောင် ရွက်ကြရန်နှင့် လာမည့်အောက်တိုဘာပထမပတ်တွင်ကျင်းပမည့် အမျိုး သမီးနှီးနှောဖလှယ်ပွဲကို အနှစ်သာရရှိစွာဖြင့် ပါတီဝင်အမျိုးသမီးထုအား ကိုယ်စားပြုကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။