ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုထောက်ခံ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်းသွေးလှူဒါန်း သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

 

လားရှိုး စက်တင်ဘာ ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံကို ကြိုဆိုထောက်ခံ သောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်း၊သန့်ရှင်း ရေးလုပ်အား ပေးခြင်းများဆောင် ရွက်ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင်ပါတီ ဝင်၂၉ဦးသွေးလှူကြကာ သန့်ရှင်း ရေးဆောင်ရွက်မှုတွင်ပါတီဝင်၁၂ဝ စုစုပေါင်းအင်အား ၁၄၉ဦးတို့နှင့် အတူ ပါတီဗဟိုအတိုင်ပင်ခံအဖွဲ့ ဝင်ဦး အောင်သန်းထွဋ် ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးအောင်သူ(ရှမ်း/မြောက်ပြည် ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ)တို့လည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။