ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး စာအောင်သံဃာ တော်များအား ဆုလက်မှတ် ဆက်ကပ် ကြည်ညို

 

ကျင်းပပြီးစီးခဲ့သော ဆဋ္ဌမအကြိမ်မြောက် ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များအား ဆုလက်မှတ် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ ဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်၍ စာအောင်ဆုလက်မှတ်များဆက်ကပ် လှူဒါန်း ကြည်ညိုခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဝိနည်းဓိုရ်ဆရာတော် ပျော်ဘွယ်မြို့ ပြည်တော် အေးကျောင်းဆရာတော် ဘဒ္ဒန္တပညာစာရနှင့် မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်အပါး ၅ဝ ကြွရောက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးအောင်ဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးဘညွန့်နှင့် အဖွဲ့ဝင်များ၊ အလှူ ရှင်များ တက်ရောက်ကြည်ညိုကြကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)