စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ

အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှ လက်နက်ဝယ်လိုအား ကောင်းလာမှုကြောင့် စစ်အေးခေတ်နောက်ပိုင်း လွန်ခဲ့သော ငါးနှစ်အတွင်း ကမ္ဘာတစ်ဝန်း လက်နက်ကုန်သွယ်ရေး မြင့်တက် လာကြောင်း တနင်္လာနေ့တွင် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

 

၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အာရှနှင့် ပင်လယ်သမုဒ္ဒရာတွင်း နိုင်ငံများမှ တင်သွင်းမှုမှ ၂၀၀၇-၂၀၁၁ ခုနှစ်တွင် ၇.၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျုက ဆိုသည်။

လွတ်လပ်သော အင်စတီကျုကျောင်းမှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် “စစ်အေးခေတ်နောက်ပိုင်း ၅ နှစ်ကာလအပိုင်းအခြားအတွက် ၂၀၁၂-၂၀၁၆ ကာလသည် အဓိကလက်နက်တင်ပို့မှု အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

အာရှနှင့် ပင်လယ်သမုဒ္ဒရာတွင်းနိုင်ငံများမှ နိုင်ငံတကာ လက်နက်တင်သွင်းမှုသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကြား ၄၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့နိုင်ငံများမှ တင်သွင်းမှုမှာ ၁၇ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း ဥရောပဒေသတွင် ၁၁ ရာခိုင်နှုန်း၊ အမေရိက တိုက်နိုင်ငံများတွင် ၈.၆ ရာခိုင်နှုန်း နှင့် အာဖရိကတိုက်တွင် ၈.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

လက်နက်နှင့် စစ်ရေးအသုံးစရိတ်အစီအစဉ်အကြီးတန်း သုတေသနမှူး ပီတီဝက်ဇ်မန်းက “လွန်ခဲ့တဲ့ ငါးနှစ် ကျော်အတွင်းမှ အရှေ့အလယ်ပိုင်းက နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ လက်နက်စွမ်းရည်တွေကို တိုးမြှင့်ဖို့ အမေရိကားနှင့် ဥရောပဘက်တွေဆီဦးလှည့်လာခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

 

Ref: Reuters