ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများအတွင်း Maskများအခမဲ့ ဖြန့်ဝေ

 

စက်​တင်​ဘာ(၁)၊မန္တ​လေး

ချမ်း​အေးသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ​Covid-19 ​ရောဂါ ကြိုတင်​ကာကွယ်​နိုင်​ရန်​အတွက်​ မြို့နယ်​အတွင်းရှိ ဈေးများအတွင်း ယ​မန်နေ့ နံနက် ​၉ နာရီမှ ၁၂ နာရီအထိက Mask များ အခမဲ့ ဖြန့်​​ဝေ လှူဒါန်းခဲ့သည်​။

“Covid-19​ ရောဂါဟာ မျိုးရိုးဗီဇ​ပြောင်းလဲလာပြီး ခု​နောက်​ပိုင်းမှာ ကူးစက်​မှုအင်​မတန်​ မြန်​ဆန်​လာပါတယ်​။ ဒါကြောင့်​ ကျွ​န်​​တော်​မြို့နယ်​အတွင်းမှာ ​နေထိုင်​တဲ့ပြည်​သူ​တွေဆီ ကူးစက်​ပျံ့နှံ့မှု ​လျော့နည်းလာ​​ဖို့ရည်​ရွယ်​ပြီး ကျွန်​​တော်​ပြည်​ခိုင်​ဖြိုးပါတီက​နေ တစ်​စိတ်​တစ်​ပိုင်း ကူညီတဲ့အ​နေန အခုလို Mask​ တွေ အခမဲ့ဖြန့်​​ဝေ​ပေးခဲ့တာပါ။ ပါတီအ​နေနဲ့ ပြည်​သူ​တွေအတွက်​ Covid-19​ ရောဂါ ကာကွယ်​​ရေးလုပ်​ငန်းစဉ်​​တွေကို တတ်​နိုင်​သမျှ ဝိုင်းဝန်း ကူညီသွားမှာပါ´ဟု ​ချမ်း​အေးသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦး​ကျော်​​ကျော်​​ဌေးက ​ပြောကြားခဲ့သည်​။

ချမ်း​အေးသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​အတွင်းရှိ ကဉ္စနမဟီရပ်​ကွက်​နှင့်​ မောရဂီဝါရပ်​ကွက်​ကြားရှိ အခွန်​လွတ်​ဈေးနှင့်​ ဒေးဝန်းအ​နောက်​ရပ်​ကွက်​ရှိ​ ရပ်​ကွက်​ဈေးတို့တွင်​ Mask အ​ရေအတွက်​ (၂၀၀၀) ခုအား အခမဲ့ ဖြန့်​​ဝေရာသို့ ​မန္တ​လေးခရိုင်​ပါတီ​ကော်​မတီဝင်​​များ ဖြစ်​ကြ​သော ဒေါက်​တာ​ဒေါ်မြင့်​​မြင့်​ဌေး၊ ဦး​သောင်းညွန့်​၊ ချမ်းအေးသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦး​ကျော်​​ကျော်​​ဌေး၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ လူငယ်​နှင့်​အမျိုးသမီးပါတီဝင်​များ ပါဝင်​၍ လုပ်​အားဒါနပြု ကူ​ညီ​ဆောင်​ရွက်​​ပေးခဲ့​ကြောင်း သိရသည်​။

သုတ