ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရှိ အရေးပေါ် နာရေးအကူကားအတွက် ဓာတ်ဆီဂါလန် ၅ဝ ပေးအပ်လှူဒါန်း

 

ထားဝယ် စက်တင်ဘာ ၂

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးယုနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ထားဝယ်အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့ရုံးသို့ သွားရောက်ကာ အရေးပေါ်နာရေးအကူ ကားအတွက် လူနာကူညီပို့ဆောင်ရေးများတွင် အသုံးပြု နိုင်ရေးဓာတ်ဆီ ဂါလန် ၅ဝ အား ပေးအပ်လှူဒါန်းရာ အာယုဒါနအောက်ဆီဂျင်အဖွဲ့ တာဝန်ခံဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက လက်ခံရယူ၍ ကျေးဇူးတင်စကားများပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

ခွန်အောင်ကျော်စွာ