ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်ပြီး ဝါဆိုလပြည့်နေ့တွင် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗုဒ္ဓဘာသာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစင်္ကြာနေ့) နံနက် ၆ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရွှေဘုရား ၊ ငွေဘုရား၌ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုများမှ ဓမ္မစင်္ကြာတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရှိရပါသည်။