MoUလုပ်သား ၇၀၀ ကျော် ထိုင်းသို့ ထပ်မံပို့ဆောင်

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoUလုပ်သား ဇူလိုင်၁၂ ရက်နေ့က(၇၅၁)ဦး စေလွှတ်နိုင်ခဲ့ပြီး( ၂) လအတွင် မြဝတီ-မဲဆောက်လမ်းနှင့် ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှ တရားဝင်လုပ်သား ၁၅၀၀၀ ခန့် ထွက်ခွာပြီးဖြစ်ကြောင်းသိရသည်။

ပြည်ပအလုပ်အကိုင်‌အကျိုးဆောင် အေဂျင်စီများဖြစ်သည့် နှင်းဦးဝေ၊New Covenant၊ရွှေပြည်ငြိမ်း၊ ငွေကြယ်စင်ဟိန်း ကုမ္ပဏီများမှ လုပ်သား (၇၅၁) ဦးကို  ဇူလိုင် လ ၁၂ ရက်နေ့တွင် မြန်မာထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတားမှတဆင့် စေလွှတ်ခဲ့ကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး နှင်းဦးဝေ အေဂျင်စီမှ တာဝန်ယူ စေလွှတ်ပေးခဲ့သည့် လုပ်သား (၂၆၇) ဦးမှာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့ရှိ ကြက်သားစက်ရုံသို့ လုပ်သား (၁၀၀) ဦးနှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ (၁၆၇) ဦး၊ သွားရောက်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရွှေပြည်ငြိမ်း အေဂျင်စီမှ တာဝန်ယူပို့ဆောင်ခဲ့သည့် လုပ်သား (၂၀၀) ဦးမှာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့ရှိ ခယ်ကွန်း အီလက်ထရောနစ် စက်ရုံသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ New Covenant အေ ဂျင်စီမှ တာဝန်ယူ စေလွှတ်ခဲ့သည့် လုပ်သား (၃၅)ဦးမှာ ပထုန်ဌာနီမြို့ ရှိ၊ ဝရိန်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်သည်၊ထို့အတူ ငွေကြယ်စင် ဟိန်း အေဂျင်စီမှ တာဝန်ယူ စေလွှတ်လိုက်သည့် လုပ်သား (၂၄၉)ဦး မှာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့ရှိ ခယ်ကွန်း အီလက်ထရောနစ် စက်ရုံသို့ လုပ်သား (၂၀၀) ဦးနှင့် ကန်ချနဘူရီမြို့ရှိ သစ်သီးစက်ရုံသို့ (၄၉) ဦး သွားရောက်လုပ်ကိုင်ရမှာဖြစ်ကြောင်း လုပ်သားများထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ပြည်တွင်းအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ ကုမ္ပဏီများမှ ပြီးခဲ့သည့်၂၀၂၂ မေလ ၁၀ ရက်နေ့မှစတင်ကာ စေ လွှတ်ပေးခဲ့သည့်MoUလုပ်သားပေါင်း (၁၅၀၀၀)ကျော်အထိရှိပြီဖြစ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဉဣဌဉီးမိုးကြိူးကပြောသည်။

“”မေ၁ဝရက်ကစပြီးခုဇူလိုင် လ ၁၂ရက်နေ့ထိ ၂လကျော်အတွင်းမှာ MoUလုပ်သား တစ်သောင်းခွဲ ကျော်လာပြီဆိုတော့ တစတစ အရှိန်ရလာတာပေါ့ ၊ပိတ်ရက်တွေကလွဲပြီးတော့ တစ်ရက်ကို MoUလုပ်သား ၇၀၀ ကျော်စေလွှတ်နိုင်တယ်ဆိုတာ  ဘာပဲပြောပြော အရှိန်မြင့်လာတယ်၊ အခြားတဘက်ကိုကြည့်ရင်ထိုင်းနိုင်ငံမှာ ပန်းရောင်ကပ်တွေထုတ်ပေးမယ်ဆိုတဲ့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပိုများလာတယ်။ဒါတွေအားလုံးက အစိုးရရယ်၊ CSO,CBO တွေရယ်၊NGO,INGO တွေရယ်၊နောက်ရွှေ့ပြောင်းလုပ်သားတွေရယ် လေးပွင့်ဆိုင် ဖြေရှင်းပါမှ၊မူဝါဒကိုလည်း ကောင်းကောင်းချ ၊သွက်သွက်လက်လက်အကောင်အထည်ဖော်ဆောင်မှ ပါ ၊ထိုင်းနိုင်ငံက လုပ်သား တစ်သိန်းခွဲအလိုရှိတာပါ။”ဟုဦးမိုးကြိုးကပြောသည်။

ထို့အတူ MoUစနစ်ဖြင့် တရားဝင်စေလွှတ်သည့် အလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရမှုမရှိရအောင် အလုပ်သမားများအရေးကို ကူညီဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း အလုပ်သမားသံအရာရှိ(၅)ဦး ထိတာဝန်ထမ်းဆောင်လျှက်ရှိကြောင်း  အလုပ်သမားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောသည်။  Eleven