လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးနှင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီး လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၅) ရက် နံနက် ၁ဝ နာရီက ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်သည်။

kayah

အစည်းအဝေးတွင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ် ပါတီကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၇ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဗျားမြာမောင်(ချိကယ်သူ)


Leave a Reply