မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပုံမှန်အစည်း အဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများ၏ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၃ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14492563_437681209740345_7505644629645376872_n

အစည်းအဝေးသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တိုင်းအရန်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ စုစုပေါင်း ၁ဝ၅ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဒေါက်တာမောင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားရာ၌ ပါတီဗဟို ပြန်လည် ဖွဲ့စည်းပြီး လူငယ်၊ လူရွယ် မျိုးဆက်သစ်များနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥက္ကဋ္ဌ(ဟောင်း) ဦးဆောင်သည့် လူကြီးများမှ ပါတီ ဦးဆောင်ကော်မတီအဖြစ် ၃၈ ဦးဖြင့် ဖွဲ့စည်းပြီး နောက်မှနေ၍ အကြံဥာဏ်များပေးခြင်း၊ လမ်းညွှန်ခြင်း၊ ထောက်ပြခြင်းများဖြင့် ပါတီတာဝန် ထမ်းဆောင်လျက်ရှိပါ၍ ယခုမျက်နှာစုံညီအစည်းအဝေးမှ တက်ရောက်ခွင့် ရရှိလာသော ကော်မတီဝင်များ အဆင့်ဆင့်အနေဖြင့် အားကြိုးမာန်တက် ပါတီတာဝန်များကို ထမ်းဆောင်နိုင်ပါ ကြောင်း ပရဟိတအဖွဲ့များ နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ကြရန်ဖြစ်ပြီး ကိုယ်တိုင်လည်း ပရဟိတအဖွဲ့များဖွဲ့စည်း၍ ပါတီပုံရိပ်ကို မြှင့်တင်ကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် ပါတီတာဝန်များကို ထမ်းဆောင် ကြပါရန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်းက ပါတီ အဆင့်ဆင့်၏ ဘဏ္ဍာရေးဆိုင်ရာများကို အသေးစိတ်ရှင်းလင်းပြီး တက်ရောက်လာသော ခရိုင်/မြို့နယ် အလိုက်ဥက္ကဋ္ဌများက မိမိတို့ဆောင်ရွက်လျက် ရှိသော ပါတီလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပါတီအဆင့်ဆင့်ပိုင် မြေအဆောက် အအုံ၊ ယာဉ်စာရင်းများ ထိန်းသိမ်းထားရှိမှု၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု ကော်မတီဝင်/အရန် ကော်မတီဝင်များနှင့် ရေးရာကော်မတီအလိုက်၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားရှိမှုများကို ဆွေးနွေး တင်ပြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားရာ တွင် ၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင် နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုလုပ်ဆောင်ကြရန် မှာကြား၍ ညနေ ၅ နာရီတွင် အစည်းအဝေးပြီး မြောက်ခဲ့ကြောင်း သိရသည်။ ဇော်မြင့်(မကွေး)


Leave a Reply