အမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ကျင်းပ​ရေးလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

ရေစကြို ၊ စက်​တင်​ဘာ ၃၀

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူခရိုင်​၊ ​ရေစကြို၊မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၏ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို စက်တင်ဘာ ၃၀ ရက်​နေ့ နံနက်​ ၁၀ နာရီအချိန်​က မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​ကြောင်း သိရသည်​။
အစည်းအ​ဝေးတွင်​ ပခုက္ကူခရိုင်​ပါတီအတွင်း​ရေးမှူး ဦးမြင့်နိုင်​က မျက်​​မှောက်​နိုင်​ငံ​​ရေးအ​ခြေအ​နေများနှင့် ခရိုင်​ပါတီ၏လုပ်​ငန်း​ဆောင်​ရွက်​မှုများအား ရှင်းလင်း​ပြောကြားပြီး မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​မှ တိုင်း​ဒေသကြီးပါတီနှင့် ခရိုင်​ပါတီတို့၏ လုပ်​ငန်းလမ်းညွှန်​ချက်​များအ​ပေါ် မြို့နယိပါတီ​ကော်​မတီမှအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​နိုင်​မှုအ​ခြေအ​နေများ၊ အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ​အောင်​မြင်​စွာကျင်းပနိုင်​​ရေးများ ရှင်းလင်း​ပြောကြားပါသည်​။ တက်​​ရောက်​လာသူများမှ မိမိတို့စည်းရုံး​ရေးနယ်​​မြေအလိုက်
လုပ်​ငန်းဆောင်​ရွက်​မှုများ၊ နယ်​​မြေအ​ခြေအ​နေများ၊ အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲနှင့်စပ်​လျဉ်း၍ သိရှိလိုသည်​များ၊ အကြံပြုချက်​များ တင်​ပြကြပါသည်​။
တင်​ပြချက်​များအ​ပေါ် ခရိုင်​ပါတီအတွင်း​ရေးမှူးနှင့် မြို့နယ်​ပါတီဥက္ကဌတို့မှ ပြန်​လည်​ရှင်းလင်း ညှိနှိုင်း​ဆွေး​နွေးကြပြီး နံနက်​ ၁၁ နာရီ ၅၀ မိနစ်​တွင်
အစည်းအ​ဝေးပြီး​မြောက်​​ကြောင်းနှင့် အစည်းအ​ဝေးသို့ ပခုက္ကူခရိုင်​ပါတီအတွင်း​ရေးမှူး ဦးမြင့်နိုင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​၊ အတွင်း​ရေးမှူး ဦးချမ်းမင်း၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စန်းစန်းရီ၊ မြို့နယ်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဝင်းဝင်းသန်​နှင့် မြို့နယ်​​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

မင်း​ဇော်