လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

လားရှိုး အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ရုံးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ပါတီ ဒုဥက္ကဋ္ဌဦးအောင်သူနှင့် ကော်မတီဝင်များ၊ လားရှိုးခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့် အမျိုးသမီး ရေးရာအဖွဲ့များ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များနှင့်ရပ်ကွက်ကျေးရွာများမှ အမျိုးသမီးကိုယ် စားလှယ်များ စုစုပေါင်းအင်အား ၁၃ဝ ကျော်တက်ရောက်ကြသည်။

အစီအစဉ်ပထမပိုင်းတွင် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ မြို့နယ်ဥက္ကဋ္ဌက အမှာစကားပြောကြား ခြင်း၊ အမျိုးသမီးရေးရာတာဝန်ခံက ပွဲကျင်းပရခြင်းအကြောင်း ရှင်း လင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

ဒုတိယပိုင်းတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက အစုအဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးကြပြီး ထွက်ရှိလာသည့် အကြောင်း အရာများကို အစုအဖွဲ့အလိုက်စာတမ်းပြုစု၍ အစီအစဉ်တတိယပိုင်း တွင် ပြန်လည်တင်ပြကြမည်ဖြစ်ကြောင်း သိရသည်။